Lost Password? Register
  • Narrow screen resolution
  • Wide screen resolution
  • Auto width resolution
  • Increase font size
  • Decrease font size
  • Default font size

PhatPa.com| Local Journal News for Shwe (Oversea)

Friday
Aug 29th
Home arrow News arrow ARCHIVE arrow သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) ကွယ်လွန်
သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) ကွယ်လွန် Print E-mail
Posted by Nay Moe   
Saturday, 05 April 2008
Imageခေတ်ပြိုင်ဂျာနယ်အယ်ဒီတာချုပ် သတင်းစာဆရာကြီး ကြေးမုံဦးသောင်း အသက် (၈၂) နှစ် သည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဖို့လော်ရာဒေးမြို့ရှိ ဖလော်ရီဒါ မယ်ဒီကယ်စင်တာဆေးရုံတွင် အဆုပ်ရောဂါဖြင့် ကြာသပတေးနေ့

ဒေသစံတော်ချိန် ည (၁၀) နာရီတွင် ကွယ်လွန်သွားသည်။

ဆရာကြီး ဦးသောင်းသည် အဆုပ်ရောဂါ၊ နှလုံးအားနည်းသည့်ရောဂါတို့ဖြင့် ပြီးခဲ့သည့်မတ်လ (၁၀) ရက်တွင် ဆေးရုံတက်ရောက်ကုသနေရာမှ သွေးပေါင်ကျဆင်းလာသဖြင့် မတ်လ (၁၄) ရက်တွင် နှလုံးကို အနားပေးသည့်အနေဖြင့် စက်ဖြင့်အသက်ရှူစေကာ ကုသနေခြင်းဖြစ်သည်။

ဆေးရုံတက်ရောက်ကုသနေစဉ်အတွင်း အဆုပ်ထဲရေ၀င်သည့်အခြေအနေမှာ ပိုမိုဆိုးဝါးလာပြီး ကွယ်လွန်သွားခြင်းဖြစ်သည်။

“အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ကွယ်လွန်သွားပါတယ်” ဟု ဆရာကြီး၏ ဇနီး ဒေါ်တင်တင်ဝင်းက ပြောသည်။

ဆရာကြီး၏ ရုပ်အလောင်းကို  မီးသင်္ဂြိုဟ်မည်ဖြစ်ပြီး ဈာပနအခမ်းအနားရက်အတိအကျကို မသတ်မှတ်ရသေးကြောင်း ၎င်းကပြောသည်။

ဆရာကြီးကြေးမုံဦးသောင်းတွင် ဇနီးဒေါ်တင်တင်ဝင်းနှင့် သားသမီး (၅) ဦးကျန်ရစ်သည်။

 

ပေးပို့သူး  နေမို:
Sourceး  ခေတ်ပြိုင်

 

Last Updated ( Saturday, 05 April 2008 )
 
< Prev   Next >