| အချက်အလက်များ (မောင်ရှင်စော) |
|
|
| Posted by Administrator | |
| Monday, 18 February 2008 | |
|
ရက်(ပ်)ပါတွေက မင်းတို့ မင်းတို့ပို့(စ်)မော်ဒန်တွေကလည်း ခင်ဗျားတို့ ခင်ဗျားတို့နဲ့ လက်ညှိုးထိုးထိုးပြီး ငေါက်ကြရာကျွန်တော်တို့ခင်ဗျာ ကြောက်လို့ ပုန်းနေရရှာတယ်။ပျင်းရိငြီးငွေ့ဖွယ် နေ့လယ်ခင်းဟာအုတ်ကျိုးထုခွဲသံတွေကိုမနိုင်ဝန် ထမ်းနေတဲ့အထဲ“ခင်ဗျား” ကဗျာနဲ့“ငါ”သီချင်းတွေက ကျွန်တော်တို့ယဉ်ကျေးမှုကွက်သစ်တွေပေါ်ဗုံးကြဲ ဘီယာဆိုင်၊ တီဗီဂိမ်းနဲ့အပတ်စဉ်ထုတ်ဂျာနယ်အားလပ်နေတဲ့လူငယ်တေကို စက်သေနတ်နဲ့ပစ်တယ်ငါတို့ဗဟိုချက်တွေ ရွေ့လျားသွားကြပြီလား”တဲ့လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကသေဆုံးခဲ့တဲ့ သူငယ်ချင်းဆီက ဖုန်းလာတယ် အနုပညာဟာ အနုပညာပါပဲ ဒုတိယကမ္ဘာစစ်ဟာ ဒုတိယကမ္ဘာစစ်ပါပဲ သရဲခြောက်တဲ့အိမ်ကြီးထဲ ကိုယ့်လိပ်ပြာကိုယ်လုံအောင် ပုံပြောပြိုင်နေကြရုံပါ ထပ်မံစစ်ဆေးစရာမလိုလောက်အောင် သေချာနေတဲ့အခါ ရက်လွန်မွေးနေ့ကိတ်တွေပေါ် ခြေဖော့လမ်းလျှောက်ကြရုံပါ “ငါတို့ မယုံကြည်ကြတော့ဘူး” တဲ့ အာရူးတစ်ယောက် နွေဦးပေါက်မှာ အော်လိုက်တယ် လက်ပံပွင့်တွေ ဖြုတ်ခနဲကြွေကျ အရန်ကစားသမားများအဖြစ်မှ ရာသက်ပန် နုတ်ထွက်လိုက်ကြပေါ့ (တကယ်တော့ သူတို့ ပွဲတစ်ပွဲမှလည်း မကစားခဲ့ဖူးပေါ့) မက်တာနရေးတစ်၊ ကန်ဇားဗတစ် နဟီးလစ်နဲ့ ဒီစင်တာ ဆောရီးဗျာ ကျန်တာတွေ ကျွန်တော်မေ့သွားတယ် “ခင်ဗျားတို့ ဘာကိုရွေးချယ်ကြမှာလဲ” “ခင်ဗျား ဘာလို့ဒါတွေရေးနေရတာလဲ” “ခင်ဗျားကိုယ်ခင်ဗျား ဘာလို့သတ်မှတ်မလဲ” သီးခံပါ ၊ သီးခံပါ မိမိကိုယ်ကို လျှို့ဝှက်ထောက်လှမ်းဖို့ရာ အေးဂျင့်တစ်ရာ ကျွန်တော်ခန့်ထားရတော့မယ် ခေတ်က မြေလွှာတွေလို ပြတ်ရွေ့ ပင့်ကူအိမ်က စနစ်တကျရှုပ်ထွေး ဖက်ဆွတ်ကယ်မွှေး ခေး အော့(စ်)။ ။ (မောင်ရှင်စော) |
|
| Last Updated ( Saturday, 05 April 2008 ) |
| < Prev | Next > |
|---|



သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်
သတင်းစာဆရာ၊ စာရေးးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ သားဖြစ်သူ ကိုညီပုလေးက “ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ
|
အတွေးတွေ၊ အမြင်တွေ ပြောင်းပစ်ဖို့ အချိန်တန်ပါပြီ။ အရာရာ အဆင်ပြေ ညက်ညောနေရုံနဲ့ မလုံလောက်တော့ပါဘူး။ |
|
| Read more... |
|
မကြာမီက သိဟောင်းကျွမ်းဟောင်း ချက်နိုင်ငံက သတင်းစာ ဆရာမလေးတစ်ယောက်ရောက်လာပါတယ်။ပြန်ခါနီးတော့ ဘာစာအုပ်တွေ မှာချင်သလဲလို့ မေးပါတယ်။ သူလာတိုင်းလည်း ကောင်းနိုးရာရာစာအုပ် လေးငါးအုပ် ယူလာမြဲဖြစ်ပါတယ်။ အများအားဖြင့် |
|
| Read more... |
|
ရက်(ပ်)ပါတွေက မင်းတို့ မင်းတို့ပို့(စ်)မော်ဒန်တွေကလည်း ခင်ဗျားတို့ ခင်ဗျားတို့နဲ့ လက်ညှိုးထိုးထိုးပြီး ငေါက်ကြရာကျွန်တော်တို့ခင်ဗျာ ကြောက်လို့ ပုန်းနေရရှာတယ်။ပျင်းရိငြီးငွေ့ဖွယ် နေ့လယ်ခင်းဟာအုတ်ကျိုးထုခွဲသံတွေကိုမနိုင်ဝန် |
|
| Read more... |
အာကာသ ဓာတ်ပုံများစွာကို ကြည့်ပါက ကမ္ဘာကြီးသည် လုံးဝိုင်းနေသည်ဟု သက်သေခံနေသည်။ အာကာသ ယာဉ်မှူးများကလည်း " အပြာရောင် စကျင်ကျောက်တုံးကြီး " ဟု အမြတ်တနိုး အမည်ပေးခဲ့သည်။ သို့ဖြစ်စေကာမူ သွင်ပြင်လက္ခဏာ ကြည့်ရုံဖြင့် အမှန် မသိနိုင်ပေ။ အမှန်တွင် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာမြေကြီးသည် လုံးဝ အလုံးသက်သက် မဟုတ်ချေ။ ကမ္ဘာကြီး ပြားသည်ဟု ဆိုခြင်းမဟုတ်ပါ။ ကိုလံဘတ်စ် ပင်လယ်ပြင်သို့ ရွက်မလွှင့်မီကပင် အရစ္စတိုတယ်နှင့် အခြားသော ရှေးဟောင်း ဂရိပညာရှင်များက ကမ္ဘာကြီးလုံးဝိုင်းကြောင်း တင်ပြခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကြီးသည် အပြည့်အ၀ လုံးဝိုင်းခြင်း မရှိကြောင်းကို ပထမဦးဆုံး တင်ပြသူမှာ ဆာအိုက်ဇက်နျူတန် ဖြစ်သည်။ နျူတန်က ကမ္ဘာကြီးသည် ဘေးကား စက်လုံး Bolate Spheroid သာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ၎င်းတင်ပြချက် မှန်နိုင်သည်။ ဗိုက်ပူနံကား ဖြစ်နေသော အလုံးအ၀ိုင်းကြီးတွင် ကမ္ဘာကြီး၏
READ MORE
လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။
ဒါကြောင့် ကမ္ဘာတစ်လွှား ဖတ်ပါ့ စာဖတ်သူတွေက ဖတ်စရာစာတွေ ကို ကိုယ်တိုင် ရေးသားနိုင်အောင်၊ နောက် ကမ္ဘာတစ်ဝန်း ရှိ နေရာဌာနမျိုးစုံ မှ ဖတ်စရာစာများကို လည်း ပြန်လည် ကိုးကားဖေါ်ပြ နိုင်အောင် ဖတ်ပါ့ ၀ဘ်စာမျက်နှာ ကို တည်ဆောက် ထားပါတယ်။ ဖတ်ပါ့ က မြန်မာတို့ရဲ့ (interest) အကျိုးစီးပွား၊ စိတ်ဝင်စားမှု နဲ့ ယှဉ်တဲ့ ဖတ်စရာစာ မျိုးစုံ (ဘယ်ပုံစံဖြစ်ဖြစ်) ကို ၀ဘ်စာမျက်နှာပေါ် ရောက်စေချင်တာပါ။ သို့ကလို မြန်မာတို့အတွက် တစ်နေရာထဲမှာ သီးသန့် စုစည်းပေးထားတာရယ် မြန်မာလို ဖတ်ရှုရတာရယ်ကြောင့် ကမ္ဘာတစ်လွားမြန်မာများ အကျိုး ရှိတယ်ဆိုရင်ဖြင့် ဖတ်ပါ့ မှ ၀မ်းသာပါပြီ။ ဖတ်ပါ့ဟာ အွန်လိုင်းပေါ်မှာ ဆုံတွေ့ခဲ့ကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်စုရဲ့ အားထုတ်မှု တစ်ခုဖြစ်ပါတယ်။
လောလောဆယ်တွင် ပရိတ်စိတ်ဝင်စားမှု အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးသရုပ်ဆောင် မိုးဟေကိုပင်ဖြစ်သည်။ မိုးဟေကိုနှင့် ပက်သတ် သောကောလဟာလအချို့က ပရိသတ်အကြားတွင် တောမီးပမာ ပျံ့နှံ့နေသည်။
The Voice: ပြောချင်ရင်ပေါ့အပြင်မှာ ထွက်နေတဲ့ကောလဟာလတွေကို ဘာများပြောချင်ပါ သလဲ။မိုးဟေကို : ဘာမှပြောစရာအရှိပါဘူး။ ပြောဖို့မှမလိုတာ။
The Voice: ဒီကောလဟာလနဲ့ပတ်သတ်ပြီး မိုးဟေကို ဘာပြေချင်လဲ။
မိုးဟေကို : ကိုယ် ဘာပြောရမှာလဲ၊ ပြောစရာမရှိပါဘူး။
READ MORE

" ဖတ်ပါ့ စာဖတ်ပရိတ်သတ်များ နှစ်သစ်မှာ ဘေးရန်အပေါင်းမှ ကင်ဝေးပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ "

နောက်ဆုံးပေါ် ဖက်ရှင်များနှင့် ခောတ်သမီးပျိုများ
အရှိန်ဟုန် ပြင်းပြင်းနဲ့ ရိုက်ခတ်လာတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်များ
၂၀၀၈ ခုနှစ် မြန်မာ့ ဆေးပညာ လောကရဲ့ သမိုင်းစာမျက်နှာသစ်
၂၀၀၈ ခုနှစ် အော်စကာ ဆုပေးပွဲ မတက်ရောက်နိုင်တဲ့ ကာရစ်ဘီယန် မင်းသား Deep
ပျော်ပွဲ ရွှင်ပွဲတွေ မျာနေပါတယ်ဆိုတဲ့ လှူုငယ်များအတွက် LP ရဲ့ Live Show