| အပြောင်းအလဲ (မောင်သစ်ဆင်း ) |
|
|
| Posted by maka | |||||||||||
| Wednesday, 26 March 2008 | |||||||||||
Page 9 of 9 (၆) ကျွန်တော်တို့လည်း ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ အရာရာ အဆင်ပြေ ညက်ညောနေရုံနဲ့ မလုံလောက်တော့ပါဘူး။ ရှင်သန် တည်မြဲရေးဟာ သတ္တိနဲ့ စိတ်ကူးတို့အပေါ် တည်နေပါတယ်။ အဆင်ပြေရုံ ပြေနေခြင်း ပုံစံတွေကို စိန်ခေါ်ရတဲ့ သတ္တိ။
ဝန်ဆောင်မှု အသစ်တွေ၊ ကုန်စည်အသစ်တွေ၊ ဈေးကွက်အသစ်တွေကို တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးစိတ်သန်း။ ဒါပေမယ့် လူ့အဖွဲ့အစည်းတစ်ရပ် ပြောင်းလဲတယ် ဆိုတာ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ပြောင်းလဲရုံနဲ့ ရနိုင်တာမျိုး မဟုတ်ပါဘူး။ လမ်းပေါ်က သာမန် လူတစ်ဦးစီရဲ့ ရင်ထဲမှာ ပြောင်းမှ ဖြစ်မယ် ဆိုတဲ့ စိတ်အခံ မရှိသေးသမျှတော့ ဘာမှ အပြောင်းအလဲ ရှိမှာ မဟုတ်ပါဘူး။
မောင်သစ်ဆင်း
|
|||||||||||
| Next > |
|---|