Lost Password? Register
  • Narrow screen resolution
  • Wide screen resolution
  • Auto width resolution
  • Increase font size
  • Decrease font size
  • Default font size

PhatPa.com| Local Journal News for Shwe (Oversea)

Thursday
Nov 20th
Home arrow News arrow ARCHIVE arrow အပြောင်းအလဲ (မောင်သစ်ဆင်း )
အပြောင်းအလဲ (မောင်သစ်ဆင်း ) Print E-mail
Posted by maka   
Wednesday, 26 March 2008
Article Index
အပြောင်းအလဲ (မောင်သစ်ဆင်း )
Page 2
Page 3
Page 4
Page 5
Page 6
Page 7
Page 8
Page 9

 ( မူရင်းသတ်ပုံအတိုင်း )   

 

အဲဒါကတော့ မြန်မာသတင်းစာ ဆရာတို့ရဲ့ ဘိုးအေကြီး ဘိုးဝဇီရရဲ့ ''တောသားက တောသူကို မတရား လှည့်ဖြားသတင်း'' ဆိုတဲ့

သတင်းအရေးအဖွဲ့ပါ။ ရတနာပုံ သတင်းစာမှာ ရေးခဲ့တာ။ ဘိုးဝဇီရတို့ခေတ်က တစ်ခါတစ်ရံ သတင်းကို ဒီလိုပဲ ရေးဖွဲ့ခဲ့ကြဟန် တူပါရဲ့။

ဒီအရေးအဖွဲ့ကို စာပေဗိမာန်ထုတ် 'ဟာသစာပေစာတမ်းများ' ဆိုတဲ့ စာအုပ်မှာ ဖတ်လိုက်ရတော့ ပါးစပ်က အသံထွက်လောက်အောင်

ရယ်လိုက်ရပါတယ်။ သြော်...'အ' လိုက်တဲ့ တောသူနှယ် ဆိုပြီးပေါ့။ စာတမ်းရှင် ဆရာ ဦးညိုမြကတော့ အရိုင်းကို အယဉ်ဖြစ်အောင်

ရေးတတ်ဖွဲ့တတ် ပါပေတယ်လို့ မှတ်ချက်ချခဲ့လေရဲ့။   

 

စဖတ်မိတုန်းကတော့ သာမန်ရယ်ရရုံပါပဲ။ ဘိုးဝဇီရ ပေးခဲ့တဲ့ ဟာသရသရဲ့ နောက်ကွယ်က ကြီးမားပြီး အင်မတန် ကြောက်စရာကောင်းတဲ့

သဘောတစ်ခုကို မမြင်ခဲ့မိ၊ မခံစားခဲ့မိဘူး။ အသက်ကလေးလည်း အတော်ရ၊ အတွေ့အကြုံကလေးလည်း အတော်ဝ၊ ဘ၀မှာ ခံရချက်တွေကလည်း အတော်လေး လှလာတဲ့ အချိန်ကျမှ ဘိုးဝဇီရရဲ့ 'တောသူ' ကို ဖျတ်ခနဲ ပြန်လည် အမှတ်ရမိတဲ့အခါ အသိညာဏ်ထဲမှာ လင်းခနဲ တစ်ချက် လက်သွားပါတော့တယ်။ အလို ... အဲဒီ တောသူဟာဖြင့် ငါကိုယ်တိုင် ပါပဲလားလို့လည်း မြင်လိုက်ရော စိတ်ထဲမှာ ဖြစ်သွားလိုက်တဲ့ အောင့်သီးအောင့်သက် တစ်ဆို့ဆို့ ခံစားမှုကြီးခင်ဗျာ။

 

ကိုယ့်အလှည့်ကျတော့ သြော် 'အ' လိုက်တဲ့ ငါ့နှယ်ဆိုပြီး ၀ါးလုံးကွဲ မရယ်နိုင်ပေဘူးခင်ဗျ။

အသာကလေး တိတ်တိတ်ကျိတ်ပြီး ပြုံးတမဲ့မဲ့ ဖြစ်ရပါတယ်။ တစ်ချိန်တည်းမှာ ဆက်တွေးလိုက်မိတာက

တောသူကမှ အသက်နှစ်ဆယ်မှာ အဖြစ်မှန်ကို 'သိ' သေး၊ ငါ့မှာဖြင့် အသက်သုံးဆယ်က အတော်ကလေး

ကျော်တာတောင် အခုမှ 'ရိပ်' မိရုံရှိ၊ အောင်မယ် မင်း ... တောသူထက်

ငါက ပိုပြီး 'အ' နေပါပေါ့လားလို့ ရင်ဘတ်ကြီး ထုထုပြီး ငိုချင်းချဖို့သာ ကောင်းတော့တာပဲ။

 

 

ဟုတ်ကဲ့။ ငသာမြတ်ဆိုတာ ခေတ်တိုင်းမှာ ရှိပါတယ်။ ခေတ်အဆက်ဆက်မှာ ငသာမြတ် ရှိပါတယ်။

 သိပ်ကြောက်ဖို့ကောင်းတဲ့ ငသာမြတ်ပါ။ ညံ့သူ'အ'သူတိုင်းဟာ ငသာမြတ် လှည့်ဖြားချင်တိုင်း

လှည့်ဖြားဖို့အတွက် သားကောင်တွေပေါ့။ သိသူတတ်သူ ကျွမ်းကျင်သူတွေသာ

ငသာမြတ်ရဲ့ စက်ကွင်းထဲက ပညာပါပါ လှလှပပ ခုန်ပျံ ရှောင်ထွက်သွားနိုင်ကြတာပါ။

ဒါတင်မက သူတို့ကတောင် ငသာမြတ်ကို ဂုတ်ခွစီးနိုင်ဲကြသေးရဲ့။   

 


 
Next >