| အပြောင်းအလဲ (မောင်သစ်ဆင်း ) |
|
|
| Posted by maka | |||||||||||
| Wednesday, 26 March 2008 | |||||||||||
Page 2 of 9 ဟော ရှေ့မှာ။ တံခါးဝကြီးတစ်ခု။ အပေါ်မှာ စာတမ်းကြီးနဲ့။ ''၂၁ ရာစုက ကြိုဆိုပါတယ်'' ဆိုပါလား။
သြော်... ဘာလိုလိုနဲ့ နောက်ငါးနှစ်ကျော်ရင် ၂၁ ရာစုထဲ ကျွန်တော်တို့ ၀င်ကြရတော့မှာပါလား။ ငါးနှစ်ဆိုတာ ခဏလေး။ ၂၁ ရာစုကို ကျွန်တော်တို့ ဘယ်လို ၀င်ကြမလဲ။ ခေါင်းမော့ ရင်ကော့ပြီး ၀င်ကြမလား။ ကုတ်ချောင်း ကုတ်ချောင်းနဲ့ ၀င်ကြမလား။ ငါငယ်ငယ်ခိုက်ကယ်က မိုက်မိတယ် စောကြွေယ်ရယ် ဒွေးစိန်ရဲ့တူ ငသာမြတ်ကယ်နဲ့ သနပ်ကန် တောင်ယာထဲမှာ ကျွဲကျောင်းရတယ်၊ အိုလေးအဝေး (တကြော့တမော့။ အကျွန်ကန်တော့ပါရဲ့ အပေါ့လေးများ သည်တွင်သွားရင်ဖြင့် တောဖျားကနတ်၊ ဘမ်းစားတတ်သည်) ဟု ငသာမြတ် သူက ပြောသောအခါ တောထဲမှာ စောကြွယ်ရယ် တကယ် ငါယုံမိသေး။ (တကြော့တမော့၊ အကျွန် ကန်တော့ပါရဲ့ အပေါ့ပေါက်ရန်၊ အိမ်ကိုပြန်လျှင် နင့်ထံတွင်တဲ့၊ ငါ့ဟာကို ဆိတ်စာထည့်လိုက်ပါရစေ) တဲ့ တကယ်အေရယ် ငသာမြတ် နှစ်ခါတွယ်လို့ သက်နှစ်ဆယ် အရွယ်ရှိခါမှ ငါသိတယ်လေး။
|
|||||||||||
| Next > |
|---|