Lost Password? Register
  • Narrow screen resolution
  • Wide screen resolution
  • Auto width resolution
  • Increase font size
  • Decrease font size
  • Default font size

PhatPa.com| Local Journal News for Shwe (Oversea)

Thursday
Aug 28th
Home arrow News arrow ARCHIVE arrow အပြောင်းအလဲ (မောင်သစ်ဆင်း )
အပြောင်းအလဲ (မောင်သစ်ဆင်း ) Print E-mail
Posted by maka   
Wednesday, 26 March 2008
Article Index
အပြောင်းအလဲ (မောင်သစ်ဆင်း )
Page 2
Page 3
Page 4
Page 5
Page 6
Page 7
Page 8
Page 9
အတွေးတွေ၊ အမြင်တွေ   
ပြောင်းပစ်ဖို့ အချိန်တန်ပါပြီ။   
အရာရာ အဆင်ပြေ ညက်ညောနေရုံနဲ့   
မလုံလောက်တော့ပါဘူး။ 

ရှင်သန်တည်မြဲရေးဟာ   
သတ္တိနဲ့ စိတ်ကူးတို့အပေါ် တည်နေပါတယ်။   

တည်ငြိမ်အောင် ထိန်းထားတဲ့ ကမ္ဘာလောကကြီး   

ပြောင်းလဲသွားလို့တော့ဖြင့် မငိုကြွေး ပါလေနဲ့။   

ပြောင်းလဲမှု ကင်းမဲ့တဲ့ အနေအထားကသာ   

တကယ် ငိုရဖို့ အကြောင်းဖန်လာမှာ။   

(၀ီလျံ ကူလင် ဘရိုင်းယင်)   

 

(၁)

 
ပြောင်းနေတယ်။   

အရာအားလုံး ပြောင်းနေတယ်။   

ဖြစ်ပျက် ပြုပြင်နေတဲ့ သင်္ခါရ လောကကြီးထဲမှာ အရာရာဟာ ပြောင်းလဲနေတာကြောင့် အနိစ္စတဲ့။ ဘာမှ မမြဲတာကြောင့် အနတ္တတဲ့။

ပြောင်းလဲခြင်းမှ တစ်ပါး တည်မြဲသောအရာ မရှိပါဘူးတဲ့။ ပြောင်းလဲခြင်းဟာ ဗုဒ္ဓတရားတော်ရဲ့ အခြေခံအုတ်မြစ်ပါ။ ရှင်တော်ဗုဒ္ဓ နောက်ပိုင်း

ပေါ်ထွန်းခဲ့တဲ့ ဂရိတွေးခေါ်ပညာရှင် 'ဟီရာကလိတပ်' ကလည်း ဒီသဘောကို ရိပ်စားမိခဲ့ပါတယ်။ 'လူတစ်ယောက်သည် မြစ်တစ်မြစ်အတွင်းသို့  နှစ်ကြိမ်မဆင်းနိုင်' ဆိုတဲ့ သူ့စကားဟာ အခုထိ ကျော်ကြားနေဆဲပါပဲ။

 
 
ပြောင်းလဲခြင်းဟာ ကျွန်တော်တို့ အားလုံး လိုက်နာနေကြရတဲ့ မဟာဥပဒေကြီးပါ။ တန်ခိုးအကြီးဆုံး သဘာဝဓမ္မလည်း ဖြစ်ပါတယ်။

သဘာဝဓမ္မတို့မည်သည် လူ့စိတ်ဆန္ဒနဲ့ ကင်းလွတ်ပြီး သူ့သဘောသူ ဆောင်နေတာကြောင့် ကျွန်တော်တို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူကတော့ ဖြစ်တည်ပျက် ခရီးကို မှန်မှန်ကြီး သွားနေလေရဲ့။ ဒီလိုနဲ့ ၁၉၉၅ ခုနှစ် နှောင်းပိုင်းအထိ ရောက်လာကြပြီပေါ့။



 
Next >