Lost Password? Register
  • Narrow screen resolution
  • Wide screen resolution
  • Auto width resolution
  • Increase font size
  • Decrease font size
  • Default font size

PhatPa.com| Local Journal News for Shwe (Oversea)

Thursday
Aug 28th
Home
အပြောင်းအလဲ (မောင်သစ်ဆင်း ) Print E-mail
Posted by maka   
Wednesday, 26 March 2008
Article Index
အပြောင်းအလဲ (မောင်သစ်ဆင်း )
Page 2
Page 3
Page 4
Page 5
Page 6
Page 7
Page 8
Page 9

 

 (၅)

  

မြန်မာမှာ 'ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ' ဆိုတဲ့ စကားရှိတယ်။

အဲဒီ 'ထိုင်နေအကောင်းသား စိတ်ဓာတ်' ဟာ တော်တော်

ဒုက္ခပေးပါတယ်။ ကိုယ် 'ကျိုး' မှန်း မသိစေချင်တော့ ခပ်တည်တည်နဲ့ ထိုင်နေ၊

အဲသလို အဖြစ်မှန်ကို ရဲရဲရင်မဆိုင်ဝံ့ဘဲ ဖုံးကွယ်ရင်းနဲ့

ကြာလာတဲ့အခါ ကိုယ်ကိုယ်တိုင် 'ကျိုး' နေတဲ့ အဖြစ်ကို မေ့သွားတတ်ပါတယ်။

 အမှားကြာ အမှန်ထင်သွားတတ်ပါတယ်။

 

ဘာဖြစ်သလဲ။ ရဲရဲတင်းတင်းပေါ့။ ဟုတ်တယ်၊ ငါ 'ကျိုး' နေတယ်လို့ တည့်တည့်မြင်ပါ။

ကျိုးလို့ ထိုင်နေတာ ဘာမှ အရာမရောက်ဘူး။

ထပြီးလျှောက်ပါ။ ထော့နင်း ထော့နင်း ဖြစ်ချင်ဖြစ်စမ်းပါစေ။ လျှောက်ရင်းလျှောက်ရင်းနဲ့ ခြေထောက်တွေ

 သန်စွမ်းလာနိုင်ပါတယ်။

 

လက်ရှိအတိုင်း နေသာထိုင်သာ ရှိနေသေးရင် လူတော်တော်များများဟာ

ပြောင်းလဲဖို့ သတိမရတတ်ပါဘူး။ ဒါကြောင့်လည်း လုပ်ငန်းတွေ

ကျဆုံးသွားတတ်ကြတာပါ။ စီမံခန့်ခွဲမှုမှာ စဉ်းစားမှု အားကောင်းခဲ့ကြတဲ့ နိုင်ငံတွေမှာတော့

အဆင်ပြေနေစဉ်မှာကို အပြောင်းအလဲ စလုပ်ပါတယ်။

အဆင်ပြေနေသားပဲ ဆိုပြီး ငြိမ့်မနေပါဘူး။ အရာရာဟာ မျဉ်းကွေးတွေပါ။ ပထမ အဆင်ပြေလာတယ်။ နောက် အောင်မြင်တယ်။ အောင်မြင်တယ်။

ထိပ်ဆုံးမှာ ရှိနေတယ်။ တဖြည်းဖြည်း ပြန်ကျ၊ ပြန်ကျ၊ နောက်ဆုံး မထိန်းနိုင်ရင် နောက်တစ်ဖန် ဆက်မတက်နိုင်ရင် ဘုန်းဘုန်းလဲပေတော့၊

ဒါဓမ္မတာပါ။

 

ကမ္ဘာကျော် ဂျင်နရယ်အီလက်ထရစ် (GE)  ဥက္ကဌ ဂျက်ဝဲ့လ်ခ်ျ၊ မိုတိုရိုတာ ကုမ္ပဏီ ဥက္ကဌ

ဘော့ဂယ်လ်မင်တဲလ်၊ အတ္တလန်တစ် ကုမ္ပဏီ ဥက္ကဌ ရေမွန်စမစ် အစရှတဲ့ လုပ်ငန်းရှင်

အကြီးအကဲတွေဟာ သူတို့လုပ်ငန်းတွေ ကြီးထွားအောင်မြင်နေစဉ်မှာကိုပဲ အပြောင်းအလဲ

လုပ်ရမယ်ဆိုတာ သဘောပေါက်ထားကြတာ၊ အောင်မြင်နေတဲ့ ကုန်ပစ္စည်းကို ပုံစံပြောင်းဖို့ဆိုတာ

တွေးရိုးတွေးစဉ်အရ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ အသစ်အသစ်

ပြောင်းနေလေ အောင်မြင်တည်တန့်လေ ဖြစ်နေတယ်လို့ စီမံခန့်ခွဲရေး ပညာရှင်တွေက

ဆိုကြပါတယ်။

 

''လက်ရှိအတိုင်းလည်း နေရတာ ဟုတ်နေသားပဲ ဆိုတဲ့ စိတ်ကူးကို ကြီးထွားအောင်

မွေးမြူထားတဲ့အတွက် ကျွန်မတို့ မျိုးဆက်မှာ ကြီးစွာသော အန္တရာယ် ကျရောက်လာမှာ စိုးမိပါတယ်။ နေသာထိုင်သာ အခြေအနေလောက်ကိုသာ

မျှော်လင့်ထားကြရင် ကျွန်မတို့ ဘာမှ ရမှာ မဟုတ်ဘူး။ သိပ်နောက်မကျလှသေးခင်

 အားလုံး သိထားရမှာက ပြောင်းလဲမှုကို ရဲရင့်စွာ လက်ခံပြီး

အတွေးအမြင် စိတ်ကူးသစ်တွေ ဖန်တီး ဖော်ဆောင်ခြင်းကသာ အမြင့်မားဆုံး တာဝန်ကို

ထမ်းရွက်ရာ ရောက်မယ် ဆိုတာပဲ'' တဲ့။ ကမ္ဘာကျော်

မျက်မမြင် အမျိုးသမီး ဟယ်လင်ကဲလား ပြောခဲ့တဲ့ စကားပါ။

 

 


 
Next >
Breaking News
  • Pause
  • Previous
  • Next
1/6
Image သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်

သတင်းစာဆရာ၊ စာရေးးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ သားဖြစ်သူ ကိုညီပုလေးက “ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ

Read more...
 
         
Advertisement
 
  • Articles
    ကမ္ဘာသည် အလုံးသက်သက် မဟုတ်
    Spring 2007အာကာသ ဓာတ်ပုံများစွာကို ကြည့်ပါက ကမ္ဘာကြီးသည် လုံးဝိုင်းနေသည်ဟု သက်သေခံနေသည်။ အာကာသ ယာဉ်မှူးများကလည်း " အပြာရောင် စကျင်ကျောက်တုံးကြီး " ဟု အမြတ်တနိုး အမည်ပေးခဲ့သည်။ သို့ဖြစ်စေကာမူ သွင်ပြင်လက္ခဏာ ကြည့်ရုံဖြင့် အမှန် မသိနိုင်ပေ။ အမှန်တွင် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာမြေကြီးသည် လုံးဝ အလုံးသက်သက် မဟုတ်ချေ။

    ကမ္ဘာကြီး ပြားသည်ဟု ဆိုခြင်းမဟုတ်ပါ။ ကိုလံဘတ်စ် ပင်လယ်ပြင်သို့ ရွက်မလွှင့်မီကပင် အရစ္စတိုတယ်နှင့် အခြားသော ရှေးဟောင်း ဂရိပညာရှင်များက ကမ္ဘာကြီးလုံးဝိုင်းကြောင်း တင်ပြခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကြီးသည် အပြည့်အ၀ လုံးဝိုင်းခြင်း မရှိကြောင်းကို ပထမဦးဆုံး တင်ပြသူမှာ ဆာအိုက်ဇက်နျူတန် ဖြစ်သည်။ နျူတန်က ကမ္ဘာကြီးသည် ဘေးကား စက်လုံး Bolate Spheroid သာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ၎င်းတင်ပြချက် မှန်နိုင်သည်။ ဗိုက်ပူနံကား ဖြစ်နေသော အလုံးအ၀ိုင်းကြီးတွင် ကမ္ဘာကြီး၏ 

    READ MORE

  • Welcome Phatpa
    ဖတ်ပါ့မှာ ရိုးရှင်းတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။ Welcome

    လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။

    ဒါကြောင့် ကမ္ဘာတစ်လွှား ဖတ်ပါ့ စာဖတ်သူတွေက ဖတ်စရာစာတွေ ကို ကိုယ်တိုင် ရေးသားနိုင်အောင်၊ နောက် ကမ္ဘာတစ်ဝန်း ရှိ နေရာဌာနမျိုးစုံ မှ ဖတ်စရာစာများကို လည်း ပြန်လည် ကိုးကားဖေါ်ပြ နိုင်အောင် ဖတ်ပါ့ ၀ဘ်စာမျက်နှာ ကို တည်ဆောက် ထားပါတယ်။ ဖတ်ပါ့ က မြန်မာတို့ရဲ့ (interest) အကျိုးစီးပွား၊ စိတ်ဝင်စားမှု နဲ့ ယှဉ်တဲ့ ဖတ်စရာစာ မျိုးစုံ (ဘယ်ပုံစံဖြစ်ဖြစ်) ကို ၀ဘ်စာမျက်နှာပေါ် ရောက်စေချင်တာပါ။ သို့ကလို မြန်မာတို့အတွက် တစ်နေရာထဲမှာ သီးသန့် စုစည်းပေးထားတာရယ် မြန်မာလို ဖတ်ရှုရတာရယ်ကြောင့် ကမ္ဘာတစ်လွားမြန်မာများ အကျိုး ရှိတယ်ဆိုရင်ဖြင့် ဖတ်ပါ့ မှ ၀မ်းသာပါပြီ။ ဖတ်ပါ့ဟာ အွန်လိုင်းပေါ်မှာ ဆုံတွေ့ခဲ့ကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်စုရဲ့ အားထုတ်မှု တစ်ခုဖြစ်ပါတယ်။

  • Interviews
    မိုးဟေကို နှင့် Interviews
    Sample images

    လောလောဆယ်တွင် ပရိတ်စိတ်ဝင်စားမှု အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးသရုပ်ဆောင် မိုးဟေကိုပင်ဖြစ်သည်။ မိုးဟေကိုနှင့် ပက်သတ် သောကောလဟာလအချို့က ပရိသတ်အကြားတွင် တောမီးပမာ ပျံ့နှံ့နေသည်။

    The Voice: ပြောချင်ရင်ပေါ့အပြင်မှာ ထွက်နေတဲ့ကောလဟာလတွေကို ဘာများပြောချင်ပါ သလဲ။

    မိုးဟေကို : ဘာမှပြောစရာအရှိပါဘူး။ ပြောဖို့မှမလိုတာ။

    The Voice: ဒီကောလဟာလနဲ့ပတ်သတ်ပြီး မိုးဟေကို ဘာပြေချင်လဲ။

    မိုးဟေကို : ကိုယ် ဘာပြောရမှာလဲ၊ ပြောစရာမရှိပါဘူး။

     READ MORE



 
PHOTO OF THE DAY 
ThinGyan
  

ဖတ်ပါ့ နှစ်သစ်ဆုတောင်း

" ဖတ်ပါ့ စာဖတ်ပရိတ်သတ်များ နှစ်သစ်မှာ ဘေးရန်အပေါင်းမှ ကင်ဝေးပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ "

 Padauk
Myanmar Cute Girl

  Sponsor links www.bagan.net.mm
မြန်မာ အင်တာနက် ဆားဗစ် နှင့်  Web Portal
www.zawgyi.net
ဇော်ဂျီ မြန်မာ Font System နှင့် Accessories
www.google.com
world  Biggest  Search  Engine

Beauty & Fashion

Phatpa Beauty & Fashion နောက်ဆုံးပေါ် ဖက်ရှင်များနှင့် ခောတ်သမီးပျိုများ

Sports

Phatpa  Sports အရှိန်ဟုန် ပြင်းပြင်းနဲ့ ရိုက်ခတ်လာတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်များ

Health

Phatpa Health ၂၀၀၈ ခုနှစ် မြန်မာ့ ဆေးပညာ လောကရဲ့ သမိုင်းစာမျက်နှာသစ်

Celebrities

Phatpa  Celebrities ၂၀၀၈ ခုနှစ် အော်စကာ ဆုပေးပွဲ မတက်ရောက်နိုင်တဲ့ ကာရစ်ဘီယန် မင်းသား Deep

Entertainment

 Phatpa Entertainmentပျော်ပွဲ ရွှင်ပွဲတွေ မျာနေပါတယ်ဆိုတဲ့ လှူုငယ်များအတွက် LP ရဲ့ Live Show