Lost Password? Register
  • Narrow screen resolution
  • Wide screen resolution
  • Auto width resolution
  • Increase font size
  • Decrease font size
  • Default font size

PhatPa.com| Local Journal News for Shwe (Oversea)

Friday
Aug 29th
Home
အပြောင်းအလဲ (မောင်သစ်ဆင်း ) Print E-mail
Posted by maka   
Wednesday, 26 March 2008
Article Index
အပြောင်းအလဲ (မောင်သစ်ဆင်း )
Page 2
Page 3
Page 4
Page 5
Page 6
Page 7
Page 8
Page 9

 

  

 (၄)

 

သူတစ်ပါး ရပ်ရွာတွေမှာတော့ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ အရှည် တည်တံ့ဖို့ အပြောင်းအလဲဆိုတာ

လုပ်ရကောင်းမှန်း သိကြလို့ ဟောတစ်မျိုး ဟောတစ်မျိုးပါပဲ။ စီမံခန့်ခွဲရေး ဘာသာရပ်ဟာ နယ်ပယ်တိုင်းမှာ ရှေ့က

ရောက်လာတယ်။ အာရှက 'ကျား' နိုင်ငံတွေမှာ စီမံခန့်ခွဲမှု ကျွမ်းကျင်သူ ပညာရှင်တွေအတွက် ရွှေလမ်း ငွေလမ်း

ပွင့်ပါတယ်။

 

အဲဒီ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်တွေရဲ့ လေ့လာချက်အရဆိုရင် လူ့အဖွဲ့အစည်း အပါအ၀င်

အဖွဲ့အစည်းတိုင်းဟာ သန္ဓေတည်ခြင်း၊ ကြီးထွားခြင်း၊ ဗျူရိုကရေစီ ကြိုးနီစနစ် ၀င်လာခြင်း၊ အထွတ်အထိပ်ကို

ရောက်ခြင်း၊ လှိုက်ပျက်စီးလာခြင်း၊ ပြိုကွဲပျက်စီးခြင်း ဆိုတဲ့ 'ဘ၀စက်ဝန်း' (Life Circle) ပြောင်းလဲခြင်း

အဆင့်ဆင့်ကို တွေ့ရပါသတဲ့။ တကယ်လို့ ပြောင်းလဲရမယ် ဆိုတဲ့ အသိသာ ခေါင်းဆောင်တွေမှာ မရှိခဲ့ရင် အဲဒီအတိုင်း သွား၊ အဲဒီအတိုင်း

ပြိုကွဲပျက်စီးသွားတာကို တွေ့ရပါသတဲ့။

 

ဒါကြောင့် လူ့အဖွဲ့အစည်း အပါအ၀င် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အစရှိတဲ့ အဖွဲ့အစည်း အသီးသီးကို ဦးဆောင်နေကြသူတွေဟာ

ပြင်ပ အကြောင်းအချက်များ ပြောင်းလဲမှုကို မျက်ခြည် အပြတ်မခံရသလို ကိုယ့်အတွင်း အကြောင်းအချက်များ ပြောင်းလဲမှုကိုလည်း

မျက်ခြည်အပြတ်မခံဖို့ အထူး လိုအပ်ပါတယ်။ ဦးဆောင်သူ အများစုဟာ ဒီသဘောကို သဘောတူ လက်ခံကြပေမယ့် လက်တွေ့မှာတော့

ပြောင်းလဲဖို့ တောင်းဆိုနေတဲ့ 'ပကတိဖြစ်ရပ်အသစ်' (New Reality) ကို အသိအမှတ်ပြုဖို့ သိပ်ဝန်လေး ကြပါသတဲ့။ ဒါ အပြောင်းအလဲကို

တောင့်ခံမိလျက်သားဖြစ်တဲ့ ပထမ အကြောင်းအရင်းပါ။

ဒုတိယ အဲဒီ ပကတိဖြစ်ရပ်ကို အသိအမှတ်ပြုဦး။ လုပ်နည်းလုပ်ဟန် အဟောင်းတွေနဲ့ ဆက်လုပ်လို့

အလုပ် မဖြစ်တော့ဘူး ဆိုတာကို

လက်ခံဖို့ ခက်နေတတ်ပါတယ်။ အဓိက အကြောင်းကတော့ ကိုယ်လုပ်တတ်တဲ့ နည်းက

 အဲဒီ စီမံခန့်ခွဲမှု ပုံစံအဟောင်း ဖြစ်နေတယ် ဆိုတာရယ်၊

စီမံခန့်ခွဲမှု ပုံစံအသစ်ဟာ ဘယ်လိုလဲဆိုတာ သိကို မသိတာရယ်ကြောင့်ပါ။

 

အဲဒီလို အခါမျိုးမှာ ကုမ္ပဏီ ဦးဆောင်သူတွေဟာ ပြောင်းလဲဖို့ စိတ်ဓါတ်ရေးရာ မလုံမခြုံဖြစ်ပြီး ကိုယ့်ရှိရင်းစွဲ ဥခွံထဲ

ကိုယ်ပြန်ဝင်သွားတတ်ကြခြင်းပါပဲ။

 ဒီလိုနဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ ဝေးကွာပြီး

အထီးကျန် (Isolation) ဖြစ်လာပါတယ်။ အထီးကျန်မှု

တာရှည်လာတာနဲ့ အမျှ အဲဒီလို အထီးကျန် ဖြစ်မှုကိုလည်း မှန်ကန်တယ်လို့

ပြောဆိုလာတတ်ပြန်ပါတယ် (Justification)။ အဲဒီအခါ

မိမိအုပ်စုမှတစ်ပါး အခြားအုပ်စုများအပေါ် ယုံကြည်စိတ်ချမှု ကင်းလာပြီး ကိုယ့်ဓလေ့ ထုံးစံကိုပဲ ကိုယ်တွယ်၊ ကိုယ့်လုပ်နည်းလုပ်ဟန်အတိုင်းပဲ

ဆက်လုပ်၊ ပြင်ပကမ္ဘာထဲ တိုးဝင်လို့ မရနဲ့ နောက်ဆုံး အကျပ်အတည်းကာလ (Crisis) ကို ရောက်ပါတယ်။

 

 အဲဒီအခါမှ အဖွဲ့အစည်းတွေဟာ

မပြောင်းမဖြစ် ပြောင်းရတဲ့ကိန်း ဆိုက်တတ်ပါတယ်။

ဒီအခါမှ ကိုယ့်အဖွဲ့၊ ကိုယ့်ကုမ္ပဏီကို အလုံးစုံ ပြောင်းလဲမှု လုပ်ကြရတာပါ။ ဒါကို

Reengineeringလို့ စီမံခန့်ခွဲမှု ဘာသာရပ်မှာ သုံးနှုန်းပါတယ်။


ဒါကြောင့် အပြောင်းအလဲတစ်ခု ဖြစ်ချင်တဲ့ ကုမ္ပဏီ၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုဟာ ဖြစ်စဉ်

သုံးရပ်ကို ဖြတ်သန်းကြရတယ်လို့

ဆိုပါတယ်။

၁။ အဖွဲ့အစည်းဟာ ပကတိ ဖြစ်ရပ်အသစ်တွေကို အသိအမှတ်ပြု နိုးထလာရပါမယ်။ လုပ်ရိုးလုပ်စဉ်နဲ့တော့

အလုပ်မဖြစ်နိုင်တော့ဘူး ဆိုတာကို အသိအမှတ် ပြုရပါတယ်။   

၂။  ဒုတိယအဆင့်အနေနဲ့ အဖွဲ့အစည်းဟာ အမြင်သစ်တစ်ရပ်ကို ဖွဲ့စည်း ဆုပ်ကိုင်ရပါတယ်။ အဲဒီ အမြင်သစ်တစ်ရပ်ကို

ဆောင်ရွက်နိုင်အောင် လိုအပ်တာတွေကို စုစည်းရပါတယ်။   

၃။ တတိယအဆင့်အနေနဲ့ သဘောထားအသစ်၊ လုပ်နည်းလုပ်ဟန်အသစ်နဲ့ ပေါ်လစီအသစ်တွေကို သူ့နေရာနဲ့သူ

အံဝင်နေသားတကျ ဖြစ်အောင် ကျစ်ကျစ်လစ်လစ် ဖြစ်အောင် ဆောင်ရွက်ရတာပါပဲ။   

Harvard Business School  က ပါမောက္ခ မော့စ်ကန်တာက 'အပြောင်းအလဲနှင့် ရင်ဆိုင်ခြင်း' ဆိုတဲ့

ဆောင်းပါးမှာ ပြောင်းလဲမှုပြုသူ

စီးပွားရေး ခေါင်းဆောင်တွေ၊ အဖွဲ့အစည်း ခေါင်းဆောင်တွေ လိုက်နာကြတဲ့

အပြောင်းအလဲဆိုင်ရာ 'ပညတ်တော် ဆယ်ပါး' ကို ဖွင့်ဆိုထားလေရဲ့။

၁။  မိမိအဖွဲ့အစည်းမှာ ပြောင်းလဲမှု လိုအပ်နေပြီလား ဆိုတာ ထောင့်စေ့အောင် ခွဲခြမ်းစိတ်ဖြာကြည့်ပါ။   

(အဓိပ္ပာယ်ကတော့ အဖြစ်မှန်ကို ရဲရဲ ကြည့်ခိုင်းတာပဲ။ လူဆိုတာ အစွဲ ရှိတတ်တယ် မဟုတ်လား။

 အစွဲခံနေတဲ့အခါ အမှန်အတိုင်း

မမြင်နိုင်တော့ဘူး။ ဒီတော့ ရှေ့ဆက်ပြီး လုပ်ရမယ့် အလုပ်တွေဟာ အမှားတွေ ဖြစ်သွားမယ်။)   

၂။  ကိုယ့်ရဲ့ သဘောအမြင်ကို သေသေချာချာ ရှင်းပြပြီး သဘောပေါက်အောင် လုပ်ပါ။

 ဘယ်ကို သွားကြမယ်လို့ သိထားပါစေ။   

(အဖွဲ့အစည်းထဲမှာ လူတိုင်း လူတိုင်း စိတ်ပါလက်ပါ ပါဝင် လုပ်ဆောင်ဖို့ဆိုတာ သိပ်ခက်တဲ့ အလုပ်ပါ။ သူတို့ဆီမှာ ဒါကို

အတတ်ပညာတစ်ခုလို့ သဘောထားတယ်။)   

၃။  အတိတ်နဲ့ အဆက်ဖြတ်ပါ။ 

 (သိပ်ခက်တယ်။ အတိတ်ရဲ့ လွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ဆိုတာ တော်ရုံတန်ရုံ

စိတ်ဓာတ်အင်အားမျိုးနဲ့ မလွယ်ပါဘူး။

အတိတ်အဖြစ်အပျက်ကိုပဲ စွဲလမ်းနေမိတာကြောင့် စီးပွားရေး၊ နိုင်ငံရေး

နယ်ပယ်တွေမှာ ရှေ့ဆက်လုပ်ဖို့ အခက်တွေ့ရတာ၊ ဆုံးဖြတ်ချက်

အမှားချမိတာတွေ အများကြီး ရှိတတ်ပါသတဲ့။)

၎။  ချက်ချင်း ထလုပ်တဲ့ အကျင့် ပျံ့နှံ့အောင် ဖန်တီးပါ။   

(နောက်ကျရင် ခံပေရော့ပဲ။ မြန်မြန်လုပ်နိုင်မှ။ လက်ဦးမှ။)   

၅။  ခိုင်မာထက်မြက်တဲ့ ခေါင်းဆောင်မှု ကဏ္ဍကို ထိန်းပါ။   

၆။  နိုင်ငံရေး ကျောထောက်နောက်ခံတွေကို လျာထားပါ။   

၇။  လက်တွေ့ အကောင်အထည် ဖော်ရမယ့် စီမံကိန်းကို ဆွဲပါ။   

၈။ အကောင်အထည် ဖော်ရာမှာ အထောက်အပံ့ပြုမယ့် ကိစ္စ၀ိစ္စ ဆောင်ရွက်ဖွယ်ရာတွေကို ပျိုးထားပါ။   

၉။  ရင်းနှီးစွာ ဆက်ဆံ၊ အပြန်အလှန် ရိုးသားသူတွေ ပါဝင် ဆောင်ရွက်အောင် လုပ်ပါ။   

၁၀။  အပြောင်းအလဲ စိတ်အခံကို ပွားများပါ။   

 

စိတ်ကူးသစ်တွေ သားဖျက်ခံရတဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ စိတ်ကူးအသစ် အမြင်အသစ်တွေ အတွက်

အဟန့်အတား အခုအခံတွေဟာ ဟောဒီ အချက်တွေကြောင့် ဖြစ်နိုင်သတဲ့။

 

၁။  အကြောက်တရား

(က) ကုန်ကျစရိတ် များပြားမှာကို ကြောက်လို့။   

(ခ) စွန့်စားရမှာ ကြောက်လို့။   

(ဂ)   လက်ရှိ အခြေအနေကို ပြောင်းလဲပစ်ဖို့ ကြောက်ရွံ့ ၀န်လေးနေလို့။   

၂။  မလောက်ငမှု   

(က) အချိန် လုံးဝ မရတော့လို့။   

(ခ) စိတ်ကူးသစ်အပေါ် လုံလောက်တဲ့ စိတ်ဝင်စားမှု မရှိလို့။   


၃။  လိုအပ်မှု   

(က) အများရဲ့ ယုံကြည်မှု မရလို့။   

(ခ) အများရဲ့ ထောက်ခံမှု မရလို့။   

စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေပါပဲ။

 

  


 
Next >
Breaking News
  • Pause
  • Previous
  • Next
1/6
Image သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်

သတင်းစာဆရာ၊ စာရေးးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ သားဖြစ်သူ ကိုညီပုလေးက “ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ

Read more...
 
         
Advertisement
 
  • Articles
    ကမ္ဘာသည် အလုံးသက်သက် မဟုတ်
    Spring 2007အာကာသ ဓာတ်ပုံများစွာကို ကြည့်ပါက ကမ္ဘာကြီးသည် လုံးဝိုင်းနေသည်ဟု သက်သေခံနေသည်။ အာကာသ ယာဉ်မှူးများကလည်း " အပြာရောင် စကျင်ကျောက်တုံးကြီး " ဟု အမြတ်တနိုး အမည်ပေးခဲ့သည်။ သို့ဖြစ်စေကာမူ သွင်ပြင်လက္ခဏာ ကြည့်ရုံဖြင့် အမှန် မသိနိုင်ပေ။ အမှန်တွင် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာမြေကြီးသည် လုံးဝ အလုံးသက်သက် မဟုတ်ချေ။

    ကမ္ဘာကြီး ပြားသည်ဟု ဆိုခြင်းမဟုတ်ပါ။ ကိုလံဘတ်စ် ပင်လယ်ပြင်သို့ ရွက်မလွှင့်မီကပင် အရစ္စတိုတယ်နှင့် အခြားသော ရှေးဟောင်း ဂရိပညာရှင်များက ကမ္ဘာကြီးလုံးဝိုင်းကြောင်း တင်ပြခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကြီးသည် အပြည့်အ၀ လုံးဝိုင်းခြင်း မရှိကြောင်းကို ပထမဦးဆုံး တင်ပြသူမှာ ဆာအိုက်ဇက်နျူတန် ဖြစ်သည်။ နျူတန်က ကမ္ဘာကြီးသည် ဘေးကား စက်လုံး Bolate Spheroid သာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ၎င်းတင်ပြချက် မှန်နိုင်သည်။ ဗိုက်ပူနံကား ဖြစ်နေသော အလုံးအ၀ိုင်းကြီးတွင် ကမ္ဘာကြီး၏ 

    READ MORE

  • Welcome Phatpa
    ဖတ်ပါ့မှာ ရိုးရှင်းတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။ Welcome

    လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။

    ဒါကြောင့် ကမ္ဘာတစ်လွှား ဖတ်ပါ့ စာဖတ်သူတွေက ဖတ်စရာစာတွေ ကို ကိုယ်တိုင် ရေးသားနိုင်အောင်၊ နောက် ကမ္ဘာတစ်ဝန်း ရှိ နေရာဌာနမျိုးစုံ မှ ဖတ်စရာစာများကို လည်း ပြန်လည် ကိုးကားဖေါ်ပြ နိုင်အောင် ဖတ်ပါ့ ၀ဘ်စာမျက်နှာ ကို တည်ဆောက် ထားပါတယ်။ ဖတ်ပါ့ က မြန်မာတို့ရဲ့ (interest) အကျိုးစီးပွား၊ စိတ်ဝင်စားမှု နဲ့ ယှဉ်တဲ့ ဖတ်စရာစာ မျိုးစုံ (ဘယ်ပုံစံဖြစ်ဖြစ်) ကို ၀ဘ်စာမျက်နှာပေါ် ရောက်စေချင်တာပါ။ သို့ကလို မြန်မာတို့အတွက် တစ်နေရာထဲမှာ သီးသန့် စုစည်းပေးထားတာရယ် မြန်မာလို ဖတ်ရှုရတာရယ်ကြောင့် ကမ္ဘာတစ်လွားမြန်မာများ အကျိုး ရှိတယ်ဆိုရင်ဖြင့် ဖတ်ပါ့ မှ ၀မ်းသာပါပြီ။ ဖတ်ပါ့ဟာ အွန်လိုင်းပေါ်မှာ ဆုံတွေ့ခဲ့ကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်စုရဲ့ အားထုတ်မှု တစ်ခုဖြစ်ပါတယ်။

  • Interviews
    မိုးဟေကို နှင့် Interviews
    Sample images

    လောလောဆယ်တွင် ပရိတ်စိတ်ဝင်စားမှု အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးသရုပ်ဆောင် မိုးဟေကိုပင်ဖြစ်သည်။ မိုးဟေကိုနှင့် ပက်သတ် သောကောလဟာလအချို့က ပရိသတ်အကြားတွင် တောမီးပမာ ပျံ့နှံ့နေသည်။

    The Voice: ပြောချင်ရင်ပေါ့အပြင်မှာ ထွက်နေတဲ့ကောလဟာလတွေကို ဘာများပြောချင်ပါ သလဲ။

    မိုးဟေကို : ဘာမှပြောစရာအရှိပါဘူး။ ပြောဖို့မှမလိုတာ။

    The Voice: ဒီကောလဟာလနဲ့ပတ်သတ်ပြီး မိုးဟေကို ဘာပြေချင်လဲ။

    မိုးဟေကို : ကိုယ် ဘာပြောရမှာလဲ၊ ပြောစရာမရှိပါဘူး။

     READ MORE



 
PHOTO OF THE DAY 
ThinGyan
  

ဖတ်ပါ့ နှစ်သစ်ဆုတောင်း

" ဖတ်ပါ့ စာဖတ်ပရိတ်သတ်များ နှစ်သစ်မှာ ဘေးရန်အပေါင်းမှ ကင်ဝေးပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ "

 Padauk
Myanmar Cute Girl

  Sponsor links www.bagan.net.mm
မြန်မာ အင်တာနက် ဆားဗစ် နှင့်  Web Portal
www.zawgyi.net
ဇော်ဂျီ မြန်မာ Font System နှင့် Accessories
www.google.com
world  Biggest  Search  Engine

Beauty & Fashion

Phatpa Beauty & Fashion နောက်ဆုံးပေါ် ဖက်ရှင်များနှင့် ခောတ်သမီးပျိုများ

Sports

Phatpa  Sports အရှိန်ဟုန် ပြင်းပြင်းနဲ့ ရိုက်ခတ်လာတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်များ

Health

Phatpa Health ၂၀၀၈ ခုနှစ် မြန်မာ့ ဆေးပညာ လောကရဲ့ သမိုင်းစာမျက်နှာသစ်

Celebrities

Phatpa  Celebrities ၂၀၀၈ ခုနှစ် အော်စကာ ဆုပေးပွဲ မတက်ရောက်နိုင်တဲ့ ကာရစ်ဘီယန် မင်းသား Deep

Entertainment

 Phatpa Entertainmentပျော်ပွဲ ရွှင်ပွဲတွေ မျာနေပါတယ်ဆိုတဲ့ လှူုငယ်များအတွက် LP ရဲ့ Live Show