Lost Password? Register
  • Narrow screen resolution
  • Wide screen resolution
  • Auto width resolution
  • Increase font size
  • Decrease font size
  • Default font size

PhatPa.com| Local Journal News for Shwe (Oversea)

Thursday
Nov 20th
Home
အပြောင်းအလဲ (မောင်သစ်ဆင်း ) Print E-mail
Posted by maka   
Wednesday, 26 March 2008
Article Index
အပြောင်းအလဲ (မောင်သစ်ဆင်း )
Page 2
Page 3
Page 4
Page 5
Page 6
Page 7
Page 8
Page 9

  

 (၂)

သွားလေသူ အဘွားရဲ့ ကျေးဇူးကြောင့် အမွေကလေး ထုပ်ထုပ်ပိုက်ပိုက် ရလိုက်တဲ့အခါ လုပ်ငန်းတစ်ခု လုပ်ဖို့

ကျွန်တော် စဉ်းစားရပါတယ်။ ဘာလုပ်ငန်းများ လုပ်ရပါ့မလဲ။ စီးပွားရေးဆိုတာလည်း တစ်ခါမှ မလုပ်ဘူး

မလုပ်တတ်။ ကိုယ်ကိုယ်၌ကလည်း စာကလေး ဘာကလေး မတောက်တခေါက် ရေးသားနေသူဆိုတော့

မဂ္ဂဇင်းတစ်စောင် ထုတ်ရရင် ကောင်းမယ်လို့ စိတ်ကူးရပါတယ်။ နီးစပ်ရာ စာပေ အသိုင်းအ၀ိုင်းနဲ့ တိုင်ပင်ကြည့်တော့

သိပ်ကောင်းတာပေါ့လို့ ပြောကြတယ်။ ဒါနဲ့ပဲ ထုတ်ဝေခွင့် ကျထားပြီး မထုတ်နိုင်သေးတဲ့ မဂ္ဂဇင်းတစ်စောင်ကို

ငှားရမ်းဖြစ်သွားတယ်။

မဂ္ဂဇင်း လုပ်တော့မယ်လို့ စတင် စဉ်းစားကတည်းက မဂ္ဂဇင်းရဲ့ ပေါ်လစီကို ကျွန်တော် မစဉ်းစားပါဘူး။

ဘယ်မူ ဘယ်လမ်းကြောင်း ဘယ်လို အမျိုးအစားဆိုတာ ကျွန်တော် မစဉ်းစားဘူး။ မဂ္ဂဇင်းလို့ ဆိုလိုက်တာနဲ့ပဲ

ကဗျာပါမယ်၊ ကာတွန်းပါမယ်၊ ၀တုပါမယ်၊ ဆောင်းပါးပါမယ်၊ ဝေဖန်ရေးပါမယ်၊ ရုပ်ရှင်၊ ဂီတ၊ ဗီဒီယိုပါမယ်၊

နိုင်ငံတကာ သတင်းတွေ ထည့်ရမယ်၊ အနုပညာလောကရဲ့ သတင်းဝလင်းတွေ ထည့်ရမယ်၊

ထူးဆန်းထွေလာလေးတွေလည်း ပါရလိမ့်ဦးမယ်၊ စီးပွားရေး အောင်မြင်ရေး တက်ကျမ်းတစ်ပုဒ်လောက်လည်း

 ထည့်ဦးမှ။ ပူပူစပ်စပ် ဝေဖန်ရေးတွေလည်း ပါမယ်လေ စသည်ဖြင့် အလိုအလျောက် တွေးလိုက်ပြီးသားပါ။

ဟော ဗေဒင်ပါ ထည့်လိုက်တော့ ဖောင်နှစ်ဆယ် ပြည့်ရောပေါ့။ မဂ္ဂဇင်းလုပ်တာ လွယ်ပါတယ်။

လွယ်မှာပေါ့။ ကျွန်တော်က တွေးရိုးတွေးစဉ် တွေးတာကိုး။ လုပ်ငန်း စမလုပ်ခင်ကတည်းက ငါဘာလဲဆိုတာ

 ကျွန်တော် မတွေးဘူး။ ငါ့ရဲ့ 'ဇ' ဟာ ဘာလဲ၊ ငါ ဘာလုပ်နိုင်သလဲ ဆိုတာ မတွေးဘူး။ ငါ ဘာဖြစ်လို့ မဂ္ဂဇင်း

ထုတ်ချင်ရတာလဲ၊ ပရိသတ်ကို ပြောချင်တာ၊ ပြောစရာ ငါ့မှာ ဘာတွေ ရှိသလဲ မတွေးဘူး။ ဘာမှ မတွေးပါဘူး။

ကျွန်တော့် အသိထဲမှာ အစဉ်အလာအရ မဂ္ဂဇင်းဆိုတာ ဒါမျိုးပဲလို့ သိနေတော့တာ။

လမ်းကြောင်းသစ်ရှာဖို့ မကြိုးစားဘူး။ ဖောက်ထွက်ဖို့ မကြိုးစားဘူး။ ကိုယ်ကိုယ်တိုင် အသိအမြင် ကျယ်ပြန့်ဖို့

မကြိုးစားဘူး။ ဒီလိုသာ မကြိုးစားတယ် ကျွန်တော့် မဂ္ဂဇင်းကို စီးပွားရေးအရ အောင်မြင်ချင်သေး။

 သြဇာသိက္ခာလည်း ရှိချင်သေး။

 

' သီးသန့် အမျိုးအစားခေတ် ' ဟာ လာနေပြီဆိုတာ ကျွန်တော်မှ မသိဘဲ။ အမျိုးအစားတူတွေ

ယှဉ်ပြိုင်မှုကြီးထဲမှာ ရောယောင်ညပ်ပါရင်း ဓနလိုလည်း မလုပ်နိုင်၊ မဟေသီလိုလည်း မပီပြင်၊

ဟန်သစ်လိုလည်း မော်ဒန်မဖြစ်နဲ့ လေးအုပ်မြောက်မှာ အောင်မြင်စွာ ရပ်နားလိုက်ပါတော့တယ်။

ငါ ဘာတွေ ညံ့ခဲ့သလဲလို့ ကျွန်တော် ကိုယ့်ကိုယ်ကို မမေးပါဘူး။

သြော် ငါနဲ့ ဒီအလုပ်နဲ့ အကျိုးမပေးပါလားလို့ ကျွန်တော်က နောက်ဆုံး ကောက်ချက်ချခဲ့တာပါ။


နောက်ဆုံးထုတ် ကျွန်တော့် မဂ္ဂဇင်းမှာ ဝေဖန်ရေး ဆောင်းပါးတစ်ပုဒ် ကျွန်တော် ရေးလိုက်သေးတယ်။

ဝတ္ထုတစ်ပုဒ်ကို ဝေဖန်တာပါ။ ရုပ်ရည် သိပ်မလှရှာတဲ့ ရုံးစာရေးမတစ်ဦးရဲ့ စိတ်လှုပ်ရှားပုံတွေကို

 အသေးစိတ် ရေးထားတဲ့ ၀တ္ထုပါ။ ကျွန်တော် ပက်ပက်စက်စက် ဝေဖန်ပစ်လိုက်တယ်။

အင်မတန် ဖောက်ပြန်တဲ့ ၀တ္ထု၊ အဆိပ်အတောက် ၀တ္ထု၊ မဖတ်သင့်တဲ့ ၀တ္ထု၊ မရှိသင့်တဲ့ ၀တ္ထု၊ ပိတ်ပင်ပစ်ရမယ့် ၀တ္ထု

အစရှိသည်ဖြင့် စကားလုံးပြောင်ပြောင်တွေ သုံးစွဲပြီး စာဖတ်သူ အကျိုးအတွက် ကျွန်တော် တိုက်ခိုက်ပါတယ်။

 တစ်ဖက်လူ ခေါင်းမထောင်သာအောင် နှိပ်နယ်နင်းချေပါတယ်။

 

ဝေဖန်ရေးဆိုတာ ဒါမျိုး၊ ဝေဖန်ရေး လေသံဆိုတာ ဒါမျိုးလို့ ကျွန်တော် ထင်ခဲ့တာကိုး။ ၀တ္ထုဟာ

တမင် စေတနာပါပါ ရည်ရွယ်ချက် ရှိရှိကြီးနဲ့ ညစ်ညမ်းစိတ် ပေါ်လာအောင် ရေးတာလား၊ လူ့အတွင်း

စိတ်သဘောကို တင်ပြချင်တာလား။ လူ့စိတ်ကို ပြောချင်တယ်ဆိုရင် ညစ်ညမ်းတယ်ဆိုတဲ့ စာသားတွေဟာ

ဝတ္ထုသဘောအရ တကယ် လိုအပ်သလား၊ မလိုအပ်ဘူးလား။ လူ့အဇ္ဈတ္တကို ပေါ်လွင်အောင် ဖော်ရာမှာ

ဘယ်လောက် ထိရောက် အသုံးဝင်သလဲ အစရှိသဖြင့် ကျွန်တော် ခွဲခြား မပြောခဲ့ဘူး။ လူ့နှလုံးသားကို

ပကတိအတိုင်း သွေးစိမ်းရှင်ရှင်နဲ့ လှပ ထိရောက် အနုပညာမြောက်စွာ ဖွဲ့ဆိုနိုင်သလား ကျွန်တော်

မသုံးသပ်ခဲ့ဘူး။ ကျွန်တော် အခိုင်အမာ ပြောခဲ့တာက မြန်မာဝတ္ထုတွေဟာ ဒီကိစ္စကို လုံးဝ မရေးသင့်ဘူး။

မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ လုံးဝ မအပ်စပ်ဘူး။ ပြည်သူကို ဘာအကျိုးမှ မပြုဘူး ဆိုတာပဲ။ စာရေးဆရာ

တစ်ယောက်ကို ဘာကိုဖြင့် မရေးရဘူး၊ ဘာကိုပဲ ရေးရမယ်လို့ ကန့်သတ်ခွင့် ရှိမရှိ ကျွန်တော်

မတွေးမိဘူး။ ' ကျွန်တော့်ကို ဘာရေးပါလို့ ဘုရားသခင် အပါအ၀င် ဘယ်သူကမှ လာမပြောဘူး ' ဆိုတဲ့

အီမာဆင်ရဲ့ စကားကိုလည်း ကျွန်တော် မကြားဘူး။ အဆိုးဆုံးကတော့ ဒီဝတ္ထုမျိုးကို ထုတ်ဝေခွင့် မပြုသင့်ဘူးလို့

ပြောလိုက်မိတာပါပဲ။ ကန့်သတ်ပိတ်ပင်မှုဟာ လုပ်ရိုးလုပ်စဉ်လို့ ဘ၀က သင်ကြားပေးထားတော့

ကျွန်တော့် စိတ်ထဲမှာ အဲဒီအတိုင်း စွဲနေပြီလေ။
 

''စိတ်ဓာတ်တွေ ဖွင့်ထားနိုင်မှ တော်ကာကျတဲ့ အပြောင်းအလဲ ခေတ်ကြီးမှာ စာဖတ်သူကို ပွင့်အောင် ဖွင့်ပေးမယ်

 ဆိုတဲ့ မင်းတို့ စာပေသမားတွေ ကိုယ်တိုင်က မပြောင်းလဲကြပါလား။ အရင်အတိုင်းပဲ'' လို့ မိတ်ဆွေတစ်ယောက်က

 မှတ်ချက်ပြုတော့ ကျွန်တော်က အင်မတန် စိတ်ဆိုးခဲ့တာ။

 

  

  


 
Next >
Breaking News
  • Pause
  • Previous
  • Next
1/6
Image သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်

သတင်းစာဆရာ၊ စာရေးးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ သားဖြစ်သူ ကိုညီပုလေးက “ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ

Read more...
 
         
Advertisement
 
  • Articles
    ကမ္ဘာသည် အလုံးသက်သက် မဟုတ်
    Spring 2007အာကာသ ဓာတ်ပုံများစွာကို ကြည့်ပါက ကမ္ဘာကြီးသည် လုံးဝိုင်းနေသည်ဟု သက်သေခံနေသည်။ အာကာသ ယာဉ်မှူးများကလည်း " အပြာရောင် စကျင်ကျောက်တုံးကြီး " ဟု အမြတ်တနိုး အမည်ပေးခဲ့သည်။ သို့ဖြစ်စေကာမူ သွင်ပြင်လက္ခဏာ ကြည့်ရုံဖြင့် အမှန် မသိနိုင်ပေ။ အမှန်တွင် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာမြေကြီးသည် လုံးဝ အလုံးသက်သက် မဟုတ်ချေ။

    ကမ္ဘာကြီး ပြားသည်ဟု ဆိုခြင်းမဟုတ်ပါ။ ကိုလံဘတ်စ် ပင်လယ်ပြင်သို့ ရွက်မလွှင့်မီကပင် အရစ္စတိုတယ်နှင့် အခြားသော ရှေးဟောင်း ဂရိပညာရှင်များက ကမ္ဘာကြီးလုံးဝိုင်းကြောင်း တင်ပြခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကြီးသည် အပြည့်အ၀ လုံးဝိုင်းခြင်း မရှိကြောင်းကို ပထမဦးဆုံး တင်ပြသူမှာ ဆာအိုက်ဇက်နျူတန် ဖြစ်သည်။ နျူတန်က ကမ္ဘာကြီးသည် ဘေးကား စက်လုံး Bolate Spheroid သာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ၎င်းတင်ပြချက် မှန်နိုင်သည်။ ဗိုက်ပူနံကား ဖြစ်နေသော အလုံးအ၀ိုင်းကြီးတွင် ကမ္ဘာကြီး၏ 

    READ MORE

  • Welcome Phatpa
    ဖတ်ပါ့မှာ ရိုးရှင်းတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။ Welcome

    လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။

    ဒါကြောင့် ကမ္ဘာတစ်လွှား ဖတ်ပါ့ စာဖတ်သူတွေက ဖတ်စရာစာတွေ ကို ကိုယ်တိုင် ရေးသားနိုင်အောင်၊ နောက် ကမ္ဘာတစ်ဝန်း ရှိ နေရာဌာနမျိုးစုံ မှ ဖတ်စရာစာများကို လည်း ပြန်လည် ကိုးကားဖေါ်ပြ နိုင်အောင် ဖတ်ပါ့ ၀ဘ်စာမျက်နှာ ကို တည်ဆောက် ထားပါတယ်။ ဖတ်ပါ့ က မြန်မာတို့ရဲ့ (interest) အကျိုးစီးပွား၊ စိတ်ဝင်စားမှု နဲ့ ယှဉ်တဲ့ ဖတ်စရာစာ မျိုးစုံ (ဘယ်ပုံစံဖြစ်ဖြစ်) ကို ၀ဘ်စာမျက်နှာပေါ် ရောက်စေချင်တာပါ။ သို့ကလို မြန်မာတို့အတွက် တစ်နေရာထဲမှာ သီးသန့် စုစည်းပေးထားတာရယ် မြန်မာလို ဖတ်ရှုရတာရယ်ကြောင့် ကမ္ဘာတစ်လွားမြန်မာများ အကျိုး ရှိတယ်ဆိုရင်ဖြင့် ဖတ်ပါ့ မှ ၀မ်းသာပါပြီ။ ဖတ်ပါ့ဟာ အွန်လိုင်းပေါ်မှာ ဆုံတွေ့ခဲ့ကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်စုရဲ့ အားထုတ်မှု တစ်ခုဖြစ်ပါတယ်။

  • Interviews
    မိုးဟေကို နှင့် Interviews
    Sample images

    လောလောဆယ်တွင် ပရိတ်စိတ်ဝင်စားမှု အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးသရုပ်ဆောင် မိုးဟေကိုပင်ဖြစ်သည်။ မိုးဟေကိုနှင့် ပက်သတ် သောကောလဟာလအချို့က ပရိသတ်အကြားတွင် တောမီးပမာ ပျံ့နှံ့နေသည်။

    The Voice: ပြောချင်ရင်ပေါ့အပြင်မှာ ထွက်နေတဲ့ကောလဟာလတွေကို ဘာများပြောချင်ပါ သလဲ။

    မိုးဟေကို : ဘာမှပြောစရာအရှိပါဘူး။ ပြောဖို့မှမလိုတာ။

    The Voice: ဒီကောလဟာလနဲ့ပတ်သတ်ပြီး မိုးဟေကို ဘာပြေချင်လဲ။

    မိုးဟေကို : ကိုယ် ဘာပြောရမှာလဲ၊ ပြောစရာမရှိပါဘူး။

     READ MORE



 
PHOTO OF THE DAY 
ThinGyan
  

ဖတ်ပါ့ နှစ်သစ်ဆုတောင်း

" ဖတ်ပါ့ စာဖတ်ပရိတ်သတ်များ နှစ်သစ်မှာ ဘေးရန်အပေါင်းမှ ကင်ဝေးပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ "

 Padauk
Myanmar Cute Girl

  Sponsor links www.bagan.net.mm
မြန်မာ အင်တာနက် ဆားဗစ် နှင့်  Web Portal
www.zawgyi.net
ဇော်ဂျီ မြန်မာ Font System နှင့် Accessories
www.google.com
world  Biggest  Search  Engine

Beauty & Fashion

Phatpa Beauty & Fashion နောက်ဆုံးပေါ် ဖက်ရှင်များနှင့် ခောတ်သမီးပျိုများ

Sports

Phatpa  Sports အရှိန်ဟုန် ပြင်းပြင်းနဲ့ ရိုက်ခတ်လာတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်များ

Health

Phatpa Health ၂၀၀၈ ခုနှစ် မြန်မာ့ ဆေးပညာ လောကရဲ့ သမိုင်းစာမျက်နှာသစ်

Celebrities

Phatpa  Celebrities ၂၀၀၈ ခုနှစ် အော်စကာ ဆုပေးပွဲ မတက်ရောက်နိုင်တဲ့ ကာရစ်ဘီယန် မင်းသား Deep

Entertainment

 Phatpa Entertainmentပျော်ပွဲ ရွှင်ပွဲတွေ မျာနေပါတယ်ဆိုတဲ့ လှူုငယ်များအတွက် LP ရဲ့ Live Show