| အပြောင်းအလဲ (မောင်သစ်ဆင်း ) |
|
|
| Posted by maka | |||||||||||
| Wednesday, 26 March 2008 | |||||||||||
Page 4 of 9 ဒါဖြင့် ငသာမြတ်ဆိုတာ ဘယ်သူလဲ။ ဘယ်ကကောင်လဲ။ သူဘာလဲ။ ကျွန်တော် ပြောချင်တဲ့ ငသာမြတ်၊ ကျွန်တော့်ကို နလန် မထူအောင် အကြိမ်ကြိမ် နှိပ်စက်တတ်တဲ့ ငသာမြတ် ဆိုတာကတော့ တခြားလူ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ 'အတွေး' ပါပဲ။ အထူးသဖြင့် 'တွေးရိုးတွေးစဉ် အတွေး' တွေပါပဲ။
'' ငါတွေးတယ်၊ ဒါကြောင့် ငါဖြစ်တယ် '' (I Think. Therefore I am) တဲ့။ တွေးခေါ်ရှင် 'ဒေးကား' ရဲ့ ကမ္ဘာကျော်စကားပါ။
လူတစ်ယောက်ရဲ့ ဘ၀ကို သူ့ရဲ့ တွေးပုံတွေးနည်းတွေက ပြဌာန်းတာပါ။ တစ်စုံတစ်ရာသော အခြေအနေထဲမှာ နေရတဲ့အခါ အခြေအနေက ခွင့်ပြုသမျှသာ တွေးလေ့ တောလေ့ စဉ်းစားလေ့ ရှိတာကြီးက အကျင့်ဖြစ်သွားပါတယ်။ ဒီအကျင့်ဟာ ကြာလေလေ ကြီးထွားနက်ရှိုင်းလေလေ ဖြစ်လာပြီး ကျွန်တော်တို့ရဲ့ တွေးရိုးတွေးစဉ် ဖြစ်သွားတော့တာပါပဲ။ တွေးရိုးတွေးစဉ် တွေးတဲ့သူဟာ လုပ်ရိုးလုပ်စဉ်တွေကိုသာ လုပ်တတ်ပါတော့တယ်။ လုပ်ရိုးလုပ်စဉ်လုပ်တဲ့ ကိစ္စရပ်တိုင်းဟာ ရေရှည်အတွက် စိတ်မချရပါဘူး။ ထက်မြက် ထိရောက်တဲ့ အကျိုးအာနိသင်ကိုလည်း ဘယ်တော့မှ မရနိုင်ပါဘူး။ နောက်ဆုံး ပြီးရိုးပြီးစဉ်နဲ့သာ ပြီးသွားမယ်၊ ဘယ်သူ့အတွက် ဘာအကျိုးမှ ကျန်ရစ်ခဲ့မှာ မဟုတ်ပါဘူး။ အချိန်၊ လုပ်အား၊ ငွေအားတွေ အကျိုးမဲ့ ဆုံးရှုံးသွားတာကလွဲလို့ပေါ့။ အရာရာတိုင်းဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ ကမ္ဘာကြီးပေါ်က အပြောင်းအလဲတွေဟာ နေ့စဉ်နဲ့အမျှ ကျွန်တော့်အိမ်ရှေ့က ဖြတ်သွားနေကြတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အတွေးတွေကတော့ မပြောင်းကြသေးဘူး။ စိတ်အခံတွေက မပြောင်းကြသေးဘူး။ ဖောက်ထွက်စဉ်းစားဖို့၊ ဖြန့်ကျက်စဉ်းစားဖို့ သတိမရနိုင်သေးဘူး။ အစဉ်အလာကြီးထဲမှာပဲ တွေးလို့ကောင်းတုန်း၊ လုပ်လို့ကောင်းတုန်း၊ အငွေ့ဖြစ်သွားတဲ့ ပြီးဆုံးမှုမျိုးတွေ ပြီးလို့ကောင်းတုန်း၊ နောက်ဆုံး အားကုန်ငြိမ်သက် ဘုန်းဘုန်းလဲသွားတဲ့ အခါကျတော့ ကျွန်တော်က အံ့သြသေးသတဲ့။ |
|||||||||||
| Next > |
|---|



သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်
သတင်းစာဆရာ၊ စာရေးးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ သားဖြစ်သူ ကိုညီပုလေးက “ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ
|
အတွေးတွေ၊ အမြင်တွေ ပြောင်းပစ်ဖို့ အချိန်တန်ပါပြီ။ အရာရာ အဆင်ပြေ ညက်ညောနေရုံနဲ့ မလုံလောက်တော့ပါဘူး။ |
|
| Read more... |
|
မကြာမီက သိဟောင်းကျွမ်းဟောင်း ချက်နိုင်ငံက သတင်းစာ ဆရာမလေးတစ်ယောက်ရောက်လာပါတယ်။ပြန်ခါနီးတော့ ဘာစာအုပ်တွေ မှာချင်သလဲလို့ မေးပါတယ်။ သူလာတိုင်းလည်း ကောင်းနိုးရာရာစာအုပ် လေးငါးအုပ် ယူလာမြဲဖြစ်ပါတယ်။ အများအားဖြင့် |
|
| Read more... |
|
ရက်(ပ်)ပါတွေက မင်းတို့ မင်းတို့ပို့(စ်)မော်ဒန်တွေကလည်း ခင်ဗျားတို့ ခင်ဗျားတို့နဲ့ လက်ညှိုးထိုးထိုးပြီး ငေါက်ကြရာကျွန်တော်တို့ခင်ဗျာ ကြောက်လို့ ပုန်းနေရရှာတယ်။ပျင်းရိငြီးငွေ့ဖွယ် နေ့လယ်ခင်းဟာအုတ်ကျိုးထုခွဲသံတွေကိုမနိုင်ဝန် |
|
| Read more... |
အာကာသ ဓာတ်ပုံများစွာကို ကြည့်ပါက ကမ္ဘာကြီးသည် လုံးဝိုင်းနေသည်ဟု သက်သေခံနေသည်။ အာကာသ ယာဉ်မှူးများကလည်း " အပြာရောင် စကျင်ကျောက်တုံးကြီး " ဟု အမြတ်တနိုး အမည်ပေးခဲ့သည်။ သို့ဖြစ်စေကာမူ သွင်ပြင်လက္ခဏာ ကြည့်ရုံဖြင့် အမှန် မသိနိုင်ပေ။ အမှန်တွင် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာမြေကြီးသည် လုံးဝ အလုံးသက်သက် မဟုတ်ချေ။ ကမ္ဘာကြီး ပြားသည်ဟု ဆိုခြင်းမဟုတ်ပါ။ ကိုလံဘတ်စ် ပင်လယ်ပြင်သို့ ရွက်မလွှင့်မီကပင် အရစ္စတိုတယ်နှင့် အခြားသော ရှေးဟောင်း ဂရိပညာရှင်များက ကမ္ဘာကြီးလုံးဝိုင်းကြောင်း တင်ပြခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကြီးသည် အပြည့်အ၀ လုံးဝိုင်းခြင်း မရှိကြောင်းကို ပထမဦးဆုံး တင်ပြသူမှာ ဆာအိုက်ဇက်နျူတန် ဖြစ်သည်။ နျူတန်က ကမ္ဘာကြီးသည် ဘေးကား စက်လုံး Bolate Spheroid သာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ၎င်းတင်ပြချက် မှန်နိုင်သည်။ ဗိုက်ပူနံကား ဖြစ်နေသော အလုံးအ၀ိုင်းကြီးတွင် ကမ္ဘာကြီး၏
READ MORE
လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။
ဒါကြောင့် ကမ္ဘာတစ်လွှား ဖတ်ပါ့ စာဖတ်သူတွေက ဖတ်စရာစာတွေ ကို ကိုယ်တိုင် ရေးသားနိုင်အောင်၊ နောက် ကမ္ဘာတစ်ဝန်း ရှိ နေရာဌာနမျိုးစုံ မှ ဖတ်စရာစာများကို လည်း ပြန်လည် ကိုးကားဖေါ်ပြ နိုင်အောင် ဖတ်ပါ့ ၀ဘ်စာမျက်နှာ ကို တည်ဆောက် ထားပါတယ်။ ဖတ်ပါ့ က မြန်မာတို့ရဲ့ (interest) အကျိုးစီးပွား၊ စိတ်ဝင်စားမှု နဲ့ ယှဉ်တဲ့ ဖတ်စရာစာ မျိုးစုံ (ဘယ်ပုံစံဖြစ်ဖြစ်) ကို ၀ဘ်စာမျက်နှာပေါ် ရောက်စေချင်တာပါ။ သို့ကလို မြန်မာတို့အတွက် တစ်နေရာထဲမှာ သီးသန့် စုစည်းပေးထားတာရယ် မြန်မာလို ဖတ်ရှုရတာရယ်ကြောင့် ကမ္ဘာတစ်လွားမြန်မာများ အကျိုး ရှိတယ်ဆိုရင်ဖြင့် ဖတ်ပါ့ မှ ၀မ်းသာပါပြီ။ ဖတ်ပါ့ဟာ အွန်လိုင်းပေါ်မှာ ဆုံတွေ့ခဲ့ကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်စုရဲ့ အားထုတ်မှု တစ်ခုဖြစ်ပါတယ်။
လောလောဆယ်တွင် ပရိတ်စိတ်ဝင်စားမှု အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးသရုပ်ဆောင် မိုးဟေကိုပင်ဖြစ်သည်။ မိုးဟေကိုနှင့် ပက်သတ် သောကောလဟာလအချို့က ပရိသတ်အကြားတွင် တောမီးပမာ ပျံ့နှံ့နေသည်။
The Voice: ပြောချင်ရင်ပေါ့အပြင်မှာ ထွက်နေတဲ့ကောလဟာလတွေကို ဘာများပြောချင်ပါ သလဲ။မိုးဟေကို : ဘာမှပြောစရာအရှိပါဘူး။ ပြောဖို့မှမလိုတာ။
The Voice: ဒီကောလဟာလနဲ့ပတ်သတ်ပြီး မိုးဟေကို ဘာပြေချင်လဲ။
မိုးဟေကို : ကိုယ် ဘာပြောရမှာလဲ၊ ပြောစရာမရှိပါဘူး။
READ MORE

" ဖတ်ပါ့ စာဖတ်ပရိတ်သတ်များ နှစ်သစ်မှာ ဘေးရန်အပေါင်းမှ ကင်ဝေးပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ "

နောက်ဆုံးပေါ် ဖက်ရှင်များနှင့် ခောတ်သမီးပျိုများ
အရှိန်ဟုန် ပြင်းပြင်းနဲ့ ရိုက်ခတ်လာတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်များ
၂၀၀၈ ခုနှစ် မြန်မာ့ ဆေးပညာ လောကရဲ့ သမိုင်းစာမျက်နှာသစ်
၂၀၀၈ ခုနှစ် အော်စကာ ဆုပေးပွဲ မတက်ရောက်နိုင်တဲ့ ကာရစ်ဘီယန် မင်းသား Deep
ပျော်ပွဲ ရွှင်ပွဲတွေ မျာနေပါတယ်ဆိုတဲ့ လှူုငယ်များအတွက် LP ရဲ့ Live Show