| အပြောင်းအလဲ (မောင်သစ်ဆင်း ) |
|
|
| Posted by maka | |||||||||||
| Wednesday, 26 March 2008 | |||||||||||
Page 3 of 9 ( မူရင်းသတ်ပုံအတိုင်း )
အဲဒါကတော့ မြန်မာသတင်းစာ ဆရာတို့ရဲ့ ဘိုးအေကြီး ဘိုးဝဇီရရဲ့ ''တောသားက တောသူကို မတရား လှည့်ဖြားသတင်း'' ဆိုတဲ့ သတင်းအရေးအဖွဲ့ပါ။ ရတနာပုံ သတင်းစာမှာ ရေးခဲ့တာ။ ဘိုးဝဇီရတို့ခေတ်က တစ်ခါတစ်ရံ သတင်းကို ဒီလိုပဲ ရေးဖွဲ့ခဲ့ကြဟန် တူပါရဲ့။ ဒီအရေးအဖွဲ့ကို စာပေဗိမာန်ထုတ် 'ဟာသစာပေစာတမ်းများ' ဆိုတဲ့ စာအုပ်မှာ ဖတ်လိုက်ရတော့ ပါးစပ်က အသံထွက်လောက်အောင် ရယ်လိုက်ရပါတယ်။ သြော်...'အ' လိုက်တဲ့ တောသူနှယ် ဆိုပြီးပေါ့။ စာတမ်းရှင် ဆရာ ဦးညိုမြကတော့ အရိုင်းကို အယဉ်ဖြစ်အောင် ရေးတတ်ဖွဲ့တတ် ပါပေတယ်လို့ မှတ်ချက်ချခဲ့လေရဲ့။
စဖတ်မိတုန်းကတော့ သာမန်ရယ်ရရုံပါပဲ။ ဘိုးဝဇီရ ပေးခဲ့တဲ့ ဟာသရသရဲ့ နောက်ကွယ်က ကြီးမားပြီး အင်မတန် ကြောက်စရာကောင်းတဲ့ သဘောတစ်ခုကို မမြင်ခဲ့မိ၊ မခံစားခဲ့မိဘူး။ အသက်ကလေးလည်း အတော်ရ၊ အတွေ့အကြုံကလေးလည်း အတော်ဝ၊ ဘ၀မှာ ခံရချက်တွေကလည်း အတော်လေး လှလာတဲ့ အချိန်ကျမှ ဘိုးဝဇီရရဲ့ 'တောသူ' ကို ဖျတ်ခနဲ ပြန်လည် အမှတ်ရမိတဲ့အခါ အသိညာဏ်ထဲမှာ လင်းခနဲ တစ်ချက် လက်သွားပါတော့တယ်။ အလို ... အဲဒီ တောသူဟာဖြင့် ငါကိုယ်တိုင် ပါပဲလားလို့လည်း မြင်လိုက်ရော စိတ်ထဲမှာ ဖြစ်သွားလိုက်တဲ့ အောင့်သီးအောင့်သက် တစ်ဆို့ဆို့ ခံစားမှုကြီးခင်ဗျာ။
ကိုယ့်အလှည့်ကျတော့ သြော် 'အ' လိုက်တဲ့ ငါ့နှယ်ဆိုပြီး ၀ါးလုံးကွဲ မရယ်နိုင်ပေဘူးခင်ဗျ။ အသာကလေး တိတ်တိတ်ကျိတ်ပြီး ပြုံးတမဲ့မဲ့ ဖြစ်ရပါတယ်။ တစ်ချိန်တည်းမှာ ဆက်တွေးလိုက်မိတာက တောသူကမှ အသက်နှစ်ဆယ်မှာ အဖြစ်မှန်ကို 'သိ' သေး၊ ငါ့မှာဖြင့် အသက်သုံးဆယ်က အတော်ကလေး ကျော်တာတောင် အခုမှ 'ရိပ်' မိရုံရှိ၊ အောင်မယ် မင်း ... တောသူထက် ငါက ပိုပြီး 'အ' နေပါပေါ့လားလို့ ရင်ဘတ်ကြီး ထုထုပြီး ငိုချင်းချဖို့သာ ကောင်းတော့တာပဲ။
ဟုတ်ကဲ့။ ငသာမြတ်ဆိုတာ ခေတ်တိုင်းမှာ ရှိပါတယ်။ ခေတ်အဆက်ဆက်မှာ ငသာမြတ် ရှိပါတယ်။ သိပ်ကြောက်ဖို့ကောင်းတဲ့ ငသာမြတ်ပါ။ ညံ့သူ'အ'သူတိုင်းဟာ ငသာမြတ် လှည့်ဖြားချင်တိုင်း လှည့်ဖြားဖို့အတွက် သားကောင်တွေပေါ့။ သိသူတတ်သူ ကျွမ်းကျင်သူတွေသာ ငသာမြတ်ရဲ့ စက်ကွင်းထဲက ပညာပါပါ လှလှပပ ခုန်ပျံ ရှောင်ထွက်သွားနိုင်ကြတာပါ။ ဒါတင်မက သူတို့ကတောင် ငသာမြတ်ကို ဂုတ်ခွစီးနိုင်ဲကြသေးရဲ့။ |
|||||||||||
| Next > |
|---|



သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်
သတင်းစာဆရာ၊ စာရေးးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ သားဖြစ်သူ ကိုညီပုလေးက “ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ
|
အတွေးတွေ၊ အမြင်တွေ ပြောင်းပစ်ဖို့ အချိန်တန်ပါပြီ။ အရာရာ အဆင်ပြေ ညက်ညောနေရုံနဲ့ မလုံလောက်တော့ပါဘူး။ |
|
| Read more... |
|
မကြာမီက သိဟောင်းကျွမ်းဟောင်း ချက်နိုင်ငံက သတင်းစာ ဆရာမလေးတစ်ယောက်ရောက်လာပါတယ်။ပြန်ခါနီးတော့ ဘာစာအုပ်တွေ မှာချင်သလဲလို့ မေးပါတယ်။ သူလာတိုင်းလည်း ကောင်းနိုးရာရာစာအုပ် လေးငါးအုပ် ယူလာမြဲဖြစ်ပါတယ်။ အများအားဖြင့် |
|
| Read more... |
|
ရက်(ပ်)ပါတွေက မင်းတို့ မင်းတို့ပို့(စ်)မော်ဒန်တွေကလည်း ခင်ဗျားတို့ ခင်ဗျားတို့နဲ့ လက်ညှိုးထိုးထိုးပြီး ငေါက်ကြရာကျွန်တော်တို့ခင်ဗျာ ကြောက်လို့ ပုန်းနေရရှာတယ်။ပျင်းရိငြီးငွေ့ဖွယ် နေ့လယ်ခင်းဟာအုတ်ကျိုးထုခွဲသံတွေကိုမနိုင်ဝန် |
|
| Read more... |
အာကာသ ဓာတ်ပုံများစွာကို ကြည့်ပါက ကမ္ဘာကြီးသည် လုံးဝိုင်းနေသည်ဟု သက်သေခံနေသည်။ အာကာသ ယာဉ်မှူးများကလည်း " အပြာရောင် စကျင်ကျောက်တုံးကြီး " ဟု အမြတ်တနိုး အမည်ပေးခဲ့သည်။ သို့ဖြစ်စေကာမူ သွင်ပြင်လက္ခဏာ ကြည့်ရုံဖြင့် အမှန် မသိနိုင်ပေ။ အမှန်တွင် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာမြေကြီးသည် လုံးဝ အလုံးသက်သက် မဟုတ်ချေ။ ကမ္ဘာကြီး ပြားသည်ဟု ဆိုခြင်းမဟုတ်ပါ။ ကိုလံဘတ်စ် ပင်လယ်ပြင်သို့ ရွက်မလွှင့်မီကပင် အရစ္စတိုတယ်နှင့် အခြားသော ရှေးဟောင်း ဂရိပညာရှင်များက ကမ္ဘာကြီးလုံးဝိုင်းကြောင်း တင်ပြခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကြီးသည် အပြည့်အ၀ လုံးဝိုင်းခြင်း မရှိကြောင်းကို ပထမဦးဆုံး တင်ပြသူမှာ ဆာအိုက်ဇက်နျူတန် ဖြစ်သည်။ နျူတန်က ကမ္ဘာကြီးသည် ဘေးကား စက်လုံး Bolate Spheroid သာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ၎င်းတင်ပြချက် မှန်နိုင်သည်။ ဗိုက်ပူနံကား ဖြစ်နေသော အလုံးအ၀ိုင်းကြီးတွင် ကမ္ဘာကြီး၏
READ MORE
လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။
ဒါကြောင့် ကမ္ဘာတစ်လွှား ဖတ်ပါ့ စာဖတ်သူတွေက ဖတ်စရာစာတွေ ကို ကိုယ်တိုင် ရေးသားနိုင်အောင်၊ နောက် ကမ္ဘာတစ်ဝန်း ရှိ နေရာဌာနမျိုးစုံ မှ ဖတ်စရာစာများကို လည်း ပြန်လည် ကိုးကားဖေါ်ပြ နိုင်အောင် ဖတ်ပါ့ ၀ဘ်စာမျက်နှာ ကို တည်ဆောက် ထားပါတယ်။ ဖတ်ပါ့ က မြန်မာတို့ရဲ့ (interest) အကျိုးစီးပွား၊ စိတ်ဝင်စားမှု နဲ့ ယှဉ်တဲ့ ဖတ်စရာစာ မျိုးစုံ (ဘယ်ပုံစံဖြစ်ဖြစ်) ကို ၀ဘ်စာမျက်နှာပေါ် ရောက်စေချင်တာပါ။ သို့ကလို မြန်မာတို့အတွက် တစ်နေရာထဲမှာ သီးသန့် စုစည်းပေးထားတာရယ် မြန်မာလို ဖတ်ရှုရတာရယ်ကြောင့် ကမ္ဘာတစ်လွားမြန်မာများ အကျိုး ရှိတယ်ဆိုရင်ဖြင့် ဖတ်ပါ့ မှ ၀မ်းသာပါပြီ။ ဖတ်ပါ့ဟာ အွန်လိုင်းပေါ်မှာ ဆုံတွေ့ခဲ့ကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်စုရဲ့ အားထုတ်မှု တစ်ခုဖြစ်ပါတယ်။
လောလောဆယ်တွင် ပရိတ်စိတ်ဝင်စားမှု အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးသရုပ်ဆောင် မိုးဟေကိုပင်ဖြစ်သည်။ မိုးဟေကိုနှင့် ပက်သတ် သောကောလဟာလအချို့က ပရိသတ်အကြားတွင် တောမီးပမာ ပျံ့နှံ့နေသည်။
The Voice: ပြောချင်ရင်ပေါ့အပြင်မှာ ထွက်နေတဲ့ကောလဟာလတွေကို ဘာများပြောချင်ပါ သလဲ။မိုးဟေကို : ဘာမှပြောစရာအရှိပါဘူး။ ပြောဖို့မှမလိုတာ။
The Voice: ဒီကောလဟာလနဲ့ပတ်သတ်ပြီး မိုးဟေကို ဘာပြေချင်လဲ။
မိုးဟေကို : ကိုယ် ဘာပြောရမှာလဲ၊ ပြောစရာမရှိပါဘူး။
READ MORE

" ဖတ်ပါ့ စာဖတ်ပရိတ်သတ်များ နှစ်သစ်မှာ ဘေးရန်အပေါင်းမှ ကင်ဝေးပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ "

နောက်ဆုံးပေါ် ဖက်ရှင်များနှင့် ခောတ်သမီးပျိုများ
အရှိန်ဟုန် ပြင်းပြင်းနဲ့ ရိုက်ခတ်လာတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်များ
၂၀၀၈ ခုနှစ် မြန်မာ့ ဆေးပညာ လောကရဲ့ သမိုင်းစာမျက်နှာသစ်
၂၀၀၈ ခုနှစ် အော်စကာ ဆုပေးပွဲ မတက်ရောက်နိုင်တဲ့ ကာရစ်ဘီယန် မင်းသား Deep
ပျော်ပွဲ ရွှင်ပွဲတွေ မျာနေပါတယ်ဆိုတဲ့ လှူုငယ်များအတွက် LP ရဲ့ Live Show