| ကေအင်န်ယူခေါင်းဆောင် ပဒိုမန်းရှာလုပ်ကြံခံရပြီးသေဆုံး |
|
|
| Posted by Administrator | |
| Saturday, 16 February 2008 | |
မဲဆောက်၊ ဖေဖော်ဝါရီ၁၄ ။ ကေအင်န်ယူခေါင်းဆောင်လဲဖြစ်၊ အထွေထွေအတွင်းရေးမှူးလဲဖြစ်တဲ့ ပဒိုမန်းရှာလာပန်းဟာ ဖေဖော်ဝါရီ၁၄ရက် ညနေက မဲဆောက်မှာရှိတဲ့သူ့အိမ်မှာ သေနတ်သမားတွေကလုပ်ကြံသတ်ဖြတ်လို့
သေဆုံးသွားပြီဖြစ်ကြောင်း ဘန်ကောက်ကပေးပို့တဲ့ ရိုက်တာသတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။ မြန်မာ-ထိုင်းနယ်စပ်၊မဲဆောက်မှာ ရှိတဲ့ သူ့ရဲ့သစ်သားနှစ်ထပ်အိမ်ထဲကို ပစ်ကပ်ထရပ်ကားတစ်စီးပေါ်က ဆင်းလာတဲ့ အမည် မသိလူနှစ်ဦးက ၀င်ရောက်လာပြီး သေနတ်နဲ့ပစ်ခဲ့တယ်။ ပဒိုမန်းရှာဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သူ့ဇနီး ကင်းမ် ဆွေးက ပြောတယ်လို့ ရိုက်တာကရေးပါတယ်။သူအသတ်ခံရချိန်ဟာ ညနေလေးနာရီခန့်ဖြစ်ကြောင်းနဲ့ သူ့သေဆုံးမှုကို ကေအင်န် ယူရဲ့တွဲဖက်အတွင်းရေးမှူး ဒေးဗစ်တကာပေါကပြောတယ်လို့လဲ သတင်းများတွင်ဖော်ပြထားပါတယ်။ သူ့ကိုဘယ်သူတွေက သတ်ဖြတ်ခဲ့တယ်ဆိုတာ အခုထက်ထိမသိရသေးကြောင်းနဲ့ ကေအင်န်ယူဟာ မြန်မာအစိုးရကို လက် နက်စွဲကိုင်တိုက်ခိုက်နေတဲ့ အကြီးမားဆုံးလက်နက်ကိုင်အုပ်စုဖြစ်ကြောင်းကိုပါ ရိုက်တာကရေးထားပါတယ်။ |
|
| Last Updated ( Monday, 10 March 2008 ) |
| < Prev |
|---|