News
ARCHIVE
News Category
ပညာရေး
စင်ကာပူမှာ ပညာသင် ဒါတွေသိစေချင် | စင်ကာပူမှာ ပညာသင် ဒါတွေသိစေချင် |
|
|
| Posted by Administrator | |
| Friday, 13 April 2007 | |
|
ပညာတော်သင်သွားမယ်ဆိုရင် ဦးစားပေးအနေနဲ့ လျှောက်ထားသင့်တဲ့ကျောင်းကတော့ အစိုးရကျောင်းတွေကို
• မေး- စင်ကာပူကို ပညာသွားသင်ချင်တဲ့အတွက် ဘယ်ကျောင်းတွေကို ဦးစားပေးလျှောက်ထားသင့်ပါသလဲ။ ဘယ်ဘာသာရပ်ကို အ ဓိကယူရင် ယနေ့ခေတ်နဲ့ သင့်တော်မယ်ထင်ပါသလဲ။ အဲဒီလို ပညာတော်သင်သွားဖို့ မိမိဘက်က ဘာအရည်အချင်းရှိဖို့ ဘယ်လို ကြိုတင် ပြင်ဆင်ထား ရပါမလဲ။ • စင်ကာပူနိုင်ငံကိုပဲ ပညာတော်သင်သွားမယ်ဆိုရင် ဦးစားပေးအနေနဲ့ လျှောက်ထားသင့်တဲ့ကျောင်းကတော့ အစိုးရကျောင်းတွေကို ၀င်ခွင့်ရမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ဒါပေမဲ့ အဲဒီကျောင်းတွေကို ၀င်ခွင့်ရဖို့အတွက် သတ်မှတ်ထားတဲ့အရည်အချင်းတွေပြည့်မီဖို့ တော့လိုအပ်ပါတယ်။ အင်္ဂလိပ်စာအပါအ၀င် တက သိုလ်ဝင်တန်းအောင်အမှတ်တွေ၊ ပညာရေးမှာလည်း ပြည်ပကျောင်းတွေက လက်ခံနိုင်တဲ့ပညာရေးနဲ့ပတ်သက်ပြီး Good Record ရှိထားရင် အကောင်းဆုံးပါ။ တကယ်လို့ ပုဂ္ဂလိကကျောင်းတွေကိုသာ ပညာရေးနဲ့ပတ်သက်ပြီး လျှောက်မယ်ဆိုရင်တော့ Singapore Quality Class and Case Trust လက်မှတ်ရထားတဲ့ ကျောင်းတွေကိုသာ ဦးစားပေးလျှောက်ထားသင့်ပါတယ်။ ဘာသာရပ်အနေနဲ့တော့ ဘယ်ဘာသာရပ်ပဲဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူ ကောင်းကြတာချည်းပါပဲ။ ဘယ်ဘာသာရပ်တွေဘဲ ဖြစ်ဖြစ် ဒါကောင်းတယ်လို့ တရားသေပြောလို့မရပါဘူး။ ဖြစ်သင့်တာက ကိုယ်ဘာလုပ်ကိုင်ဖို့ ၀ါသနာပါသလဲ။ ကိုယ်စိတ်ဝင်စားမှုပေါ် အဓိကမူတည်ပြီး သေသေချာချာရွေးချယ်သင့်ပါတယ်။ ယနေ့ခေတ်နဲ့ သင့်တော်မယ်ထင်တဲ့ဘာသာရပ်တွေကတော့ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ဘာသာရပ်တွေ၊ Tourism နဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ၊ Hotel Management နဲ့ပတ်သက်တဲ့ဘာသာရပ်တွေ၊ စာရင်းအင်းနဲ့ ပတ်သက်တဲ့ဘာသာရပ်တွေ၊ IT နဲ့ပတ်သက်တဲ့ဘာသာရပ်အပြင် ယနေ့ခေတ်မှာ တော်တော်လည်း ခေတ်စားလာတဲ့ CommunicationManagement နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကို သင်ယူနိုင်ရင်တော့ အကောင်းဆုံးပါ။ မိမိဘက်က ဘာအရည်အချင်းရှိဖို့လိုအပ်သလဲဆိုရင် စင်ကာပူကျောင်းတွေကိုဝင်ခွင့်ရဖို့ ယေဘုယျအားဖြင့် တက သိုလ်ဝင်တန်းအောင်မြင်ရပါမယ်။ တက သိုလ်ကြီးကို ၀င်ခွင့်ရဖို့အတွက်တော့GCE A Level ရမှတ်တွေတင်ပြလျှောက်ထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ IELTS-TOEFL မရှိတဲ့ တချို့ ကျောင်းသူ၊ ကျောင်းသားတွေ Placement Test ကိုဝင်ဖြေပြီးတော့လည်း ၀င်ခွင့်လျှောက်ထားလို့ရပါတယ်။ • မေး- လက်ရှိ စင်ကာပူကို ပညာတော်သင်သွားမယ်ဆိုရင် ငွေကြေးအရ ဘယ်လောက်ကုန်ကျပါမလဲ။ မြန်မာပြည်မှာ စင်ကာပူကို ဦးစားပေး လွှတ်နေတဲ့ အေးဂျင့် ဘယ်နှခုရှိပါသလဲ။ ဘယ်အေးဂျင့်တွေနဲ့ အဓိကထားလုပ်ကိုင်သင့်ပါသလဲ။ တကယ်လို့ ငွေကြေးမ ပြည့်စုံသေးဘူး။ မိမိမှာ ရှိတဲ့ပညာကိုအခြေခံပြီး ပညာတော်သင်သွားချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲ။ • စင်ကာပူကိုပဲ သီးသန့်မေးထားတဲ့အတွက် တခြားနိုင်ငံတွေရဲ့ကုန်ကျစရိတ်တွေကိုတော့ မပြောတော့ပါဘူး။ ကျွန်တော်စင်ကာပူနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ပုဂ္ဂလိကကျောင်းကိုပဲ တက်မယ်ဆိုရင် မိမိလျှောက်ထားမယ့်ဘာသာရပ်ပေါ်မူတည်ပြီးတော့ ကျပ် သိန်း၆၀မှ၁၀၀ကျော်အထိ ကုန်ကျမှာဖြစ်ပါတယ်။ ဒါကတော့ တစ်နှစ်စာပေါ့။ ပုဂ္ဂလိကကျောင်းကနေ ဒီပလိုမာလက်မှတ်ရမယ်ဆိုရင် ကိုးလကနေ တစ်နှစ်အထိ ပညာသင်ရပါမယ်။ တကယ်လို့ ဘွဲ့ယူမယ်ဆိုရင် နှစ်နှစ်ကနေ သုံးနှစ်ထိကြာပါတယ်။ ဒါပေမယ့် အစိုးရကျောင်းကိုဝင်ခွင့်ရမယ်ဆိုရင်တော့ ငွေတွေအများကြီး မကုန်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကျောင်းတွေကိုဝင်ခွင့်ရ မယ်ဆိုရင် အစိုးရကျောင်းတွေက Ministry of Education ကထောက်ပံ့တဲ့ ကျူရှင်စရိတ်တွေရရှိနိုင်တဲ့အတွက် အများကြီး သက်သာပါတယ်။ အဲဒီဝင်ခွင့်ကိုရဖို့ကလည်း ခက်ခဲပါတယ်။ အစိုးရကျောင်းကတော့ ဒီပလိုမာလက်မှတ်ရရှိဖို့ဆိုရင် ဥပမာ Poly လိုကျောင်းမျိုးတွေကတော့ သုံးနှစ်တက်ရမှာဖြစ်ပြီးဘွဲ့တစ်ခုယူမယ်ဆိုရင် တက သိုလ်ဝင်တန်းအောင်ထားတဲ့ ကျောင်းသားတစ်ဦးဟာ အနည်းဆုံးငါးနှစ်ခန့် ပညာသင်ရမှာဖြစ်ပါတယ်။ အေးဂျင့် အနေနဲ့ပြောရရင်တော့ မြန်မာပြည်မှာ သက်ဆိုင်ရာအေးဂျင့်တွေက သက်ဆိုင်တဲ့နိုင်ငံက ကျောင်းတွေနဲ့ချိတ်ဆက်ပြီး လုပ်ကိုင်နေကြတဲ့အတွက် အေးဂျင့်တစ်ခုနဲ့တစ်ခု ၀န်ဆောင်မှုချင်းလည်း မတူနိုင်ပါဘူး။ စင်ကာပူနိုင်ငံနဲ့သီးသန့်ချိတ်ပြီး မြန်မာမှာလုပ်နေကြတဲ့ အေးဂျင့်ကတော့လေးဆယ်ဝန်းကျင်လောက်ရှိပါတယ်။ မိမိက စင်ကာပူက ကျောင်းကို မသိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ယခုဆိုရင် အင်တာနက်ပေါ် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဟိုဘက်ကကျောင်းကိုလည်း ဒီကနေ အဆက်အသွယ်လုပ်ပြီး မေးချင်တာတွေကိုမေးမြန်းလို့ရပါတယ်။ အဓိကတော့ အေးဂျင့်ပြောတဲ့ ၀န်ဆောင်မှုတွေကိုနားထောင်ပါ။ ပြီးရင် မိသားစု၊ သူငယ်ချင်းတွေနဲ့တိုင်ပင်ပါ။ ဖြစ်နိုင်မဖြစ်နိုင်ဆို တာကိုတော့အသေချာဆုံးသိချင်ရင Singapore Tourism Board (STD) ကို မေးမြန်းနိုင်ပါတယ်။ ပြည်ပကိုလည်း ပညာတော်သင်သွားချင်တယ်။ ဒါပေမဲ့ ငွေကြေးမပြည့်စုံခဲ့ဘူးဆိုရင် ငွေရေးကြေးရေးထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတွေ ဥပမာ- Asia Development Bank (ADB) လိုအဖွဲ့အစည်းတွေကို စုံစမ်းလျှောက်ထားရပါမည်။ ငွေမရှိပေမယ့် မိမိမှာ ပညာရေးနဲ့ပတ်သက်ပြီးတော့ ထူးချွန်တဲ့အထောက်အထား တွေရှိနေတယ်ဆိုရင်လည်း သက်ဆိုင်ရာကျောင်းတွေမှာ ပညာသင်ဆုလျှောက်ထားနိုင်တဲ့အခွင့်အရေး ရှိပါတယ်။ ပညာသင်ဆုကိုပေးတယ်ဆိုတာ သူတို့ကျောင်းက တော်တဲ့ကျောင်းသားတွေ နာမည်ကျော်ကျောင်းသားတွေကို အဓိကမွေး ထုတ်ချင်လို့ပါပဲ။ ဒါပေမဲ့ ဒီ ပညာသင်ဆုကိုလျှောက်ရာမှာလည်း အခက်အခဲအနည်းငယ် ရှိနိုင်ပါတယ်။ • မေး- စင်ကာပူနိုင်ငံမှာ ကျောင်းတက်မယ့် မြန်မာကျောင်းသားတစ်ဦးအနေနဲ့ ဘာအခက်အခဲတွေကို အများဆုံးတွေ့ရပါသလဲ။ • အခက်အခဲဆိုတာနဲ့ပတ်သက်ပြီးပြောရရင်တော့ ပြည်ပမှာပညာသင်မယ့် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ တချို့အခက်အခဲကို ပြင်ဆင်လို့ရပါတယ်။ တချို့အခက်အခဲက ဘယ်လိုမှပြင်ဆင်လို့မရပါဘူး။ တကယ်တော့ ပြည်ပကို ပညာသင်သွားတယ်ဆိုတာ အတွေ့အကြုံကိုသွားယူရတာဖြစ်ပါတယ်။ မိမိတို့နိုင်ငံနဲ့သူတို့နိုင်ငံ ဘာတွေကွာတယ်၊ ဘယ်လိုလုပ်ကိုင်ကြတယ်၊ ဘယ်လိုဆုံးဖြတ် ချက်တွေကို ဘယ်လိုနေရာမှာ ချရတယ် စသည်ဖြင့်ပေါ့လေ။ အဲဒါတွေထဲကနေ ကောင်းတဲ့အချက်တွေကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံကို ပြန်လည်အကျိုးပြုနိုင်မယ်ဆိုရင်ပြည်ပကို ပညာသင်သွားရကျိုးနပ်ပါတယ်။ ပြင်ဆင်လို့ရတဲ့ အခက်အခဲက မိဘတွေအ နေနဲ့တော့ ရွေးချယ်မှုတစ်ခုကို မမှားနိုင်အောင်သေ ချာပြင်ဆင်ပေးရမယ်။ ပိုက်ဆံအမှားအယွင်းမရှိအောင်၊ ဘာသာရပ်တွေရွေးချယ်မှု မှန်ကန်အောင်၊ ကျောင်းတွေ ရွေးချယ်မှုမှန်ကန်အောင်လုပ်ပေးရမှာဖြစ်ပါတယ်။ အခက်အခဲတွေကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ပြင်ဆင်လို့မရတဲ့ အခက်အခဲတွေကတော့ နေရာ တိုင်းမှာ ရှိစမြဲပါ။ သူ့နေရာနဲ့သူ အခက်အခဲ တွေကြုံရမှာဖြစ်တဲ့အတွက် မိမိလိုချင်တဲ့အရာကိုတော့ အခက်အခဲတွေကို ကျော်လွှားနိုင်မှသာလျှင် ရမှာဖြစ်ပါတယ်။ မေး- ကျောင်းလျှောက်ရမယ့်နေရာမှာ ကျောင်းနဲ့ပတ်သက်ပြီး ဘာမေးခွန်းတွေကို ဦးစားပေးမေးသင့်ပါသလဲ။ ပြည်ပကျောင်းတွေနဲ့ ပတ်သက်ပြီးသိလိုသမျှ မေးမြန်းလို့ရအောင် ၀က်ဘ်ဆိုက်တစ်ခုကို ဖော်ပြပေးပါ။
|
|
| Last Updated ( Sunday, 17 February 2008 ) |
| < Prev | Next > |
|---|