News
ARCHIVE
News Category
ပညာရေး
စင်ကာပူအစိုးရအသိအမှတ်ပြုဒီပလိုမာ လက်မှတ်ဘယ်လိုရွေးချယ်ရမလဲ | စင်ကာပူအစိုးရအသိအမှတ်ပြုဒီပလိုမာ လက်မှတ်ဘယ်လိုရွေးချယ်ရမလဲ |
|
|
| Posted by Administrator | |
| Friday, 13 April 2007 | |
|
မြန်မာကျောင်းသားတွေ စင်ကာပူနိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်အကိုင်ရရှိနိုင်ဖို့ စင်ကာပူအစိုးရအသိအ မှတ်ပြုခိုင်မာသေ ချာတဲ့ဒီပလိုမာလက်မှတ်တွေကို ဘယ်လိုရွေးချယ်ရပါမလဲ။
ယခုတစ်ပတ်၌ စင်ကာပူတွင်ကျောင်းတက်ရင်းအလုပ်လုပ်လိုသူများ၊ ကျောင်းပြီးပါက အလုပ်အကိုင်သေချာလို သူများက စင်ကာပူ အစိုးရအသိအမှတ်ပြုဒီပလိုမာလက်မှတ်များအကြောင်းအများဆုံးမေးမြန်းထားပါသည်။ မေး- မြန်မာကျောင်းသားတွေ စင်ကာပူနိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်အကိုင်ရရှိနိုင်ဖို့ စင်ကာပူအစိုးရအသိအ မှတ်ပြုခိုင်မာသေ ချာတဲ့ဒီပလိုမာလက်မှတ်တွေကို ဘယ်လိုရွေးချယ်ရပါမလဲ။ မြန်မာကျောင်းသားတွေအတွက် ဒီပလိုမာလက်မှတ်များကိုသင်ယူတတ်မြောက်ထားပြဆီရိုင်ခိုင်မာတအဲ့ လုပ်အ ကိုင်တွေကို လွယ်ကူစွာရရှိနိုင်တဲ့နိုင်ငံကတော့ စင်ကာပူနိုင်ငံကိုပဲ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အထူးတလည် ရှင်းပြ စရာလိုမယ်မထင်တော့ပါဘူး။ မြန်မာအများစုဟာ စင်ကာပူနိုင်ငံရဲ့ပညာရေး ကို အဓိကစိတ်ဝင်စားလာကြတာဟာ စင်ကာပူ အစိုးရကချီးမြှင့်တဲ့ ITE လက်မှတ်တွေ၊ ပိုလီဒီပလိုမာတွေ ကြောင့်ပါပဲ။ အဲဒီသင်တန်းတွေရဲ့ထူးခြားတာကတော့ စင်ကာပူအစိုးရကနေ တိုက်ရိုက်ချီးမြှင့်ပြီး ကျောင်းစရိတ် ကိုလည်းအစိုးရက ထောက်ပံ့ငွေထုတ်ချေးပေးတာကြောင့် ကျောင်းသားတွေအတွက် အခမဲ့ကျောင်းတက်ခွင့် ရကြပါတယ်။ ဒါပေမယ့် ချေးငွေကိုတော့ကျောင်းပြီးရင် စင်ကာပူမှာ အလုပ်လုပ်ပြီး ပြန်ဆပ်ရပါတယ်။ITE လက်မှတ်ဆိုတာက အစိုးရကျောင်းInstitute of Technical Education, Singapore ဖြစ်ပြီး အသက်မွေးဝမ်း ကျောင်းဘာသာရပ်တွေကို သင်ကြားပို့ချတဲ့အတွက် မြန်မာပြည်က တက သိုလ်ဝင်တန်းအောင်ကျောင်းသားတွေ အဓိက၀င်ခွင့်ရရေး အတွက် ကြိုးစားကြပါတယ်။ ပိုလီကျောင်းက စင်ကာပူမှာ ငါးကျောင်းရှိပြီးITEပြီးသူတွေ ကတော့ အဲဒီပိုလီကျောင်းတွေကို ဆက်တက်ကြပြီး ဒီပလိုမာကိုလည်း သုံးနှစ်ပြည့်အောင်တက်ကြပါတယ်။ ပြီးမှ လုပ်ငန်းခွင်ကိုဝင်ကြပါတယ်။ ကျောင်းသားတွေအ နေနဲ့လည်း ပညာသင်စရိတ်အတွက် အစိုးရဆီကနေ ချေးထား တဲ့ချေးငွေကို အဲဒီနိုင်ငံမှာပဲ အလုပ်လုပ်ပြီး ပြန်လည်ဆပ် ရပါတယ်။ယခင်နှစ်တွေက ကျောင်းသားတွေတော့ သူနာပြုဘာသာရပ်တွေ အင်ဂျင်နီယာဘာသာရပ်နဲ့အိုင်တီဘာသာရပ်တွေကို အဓိက ရွေးချယ်ခဲ့ကြပါတယ်။ ယခုနှစ်တွေကနေစပြီးတော့ ဟိုတယ်လုပ်ငန်းဆိုင်ရာ ဘာသာရပ်အောင်လက်မှတ်တွေကို အဓိက ထားပြီး ရွေးချယ်သင်ယူလာကြပါတယ်။ မေး-ITEကျောင်းနဲ့ ပိုလီကျောင်းတွေကို ကျောင်းသားတွေဟာ ဘာ့ကြောင့် ပိုမိုရွေးချယ်လာကြတာလဲ၊ အဲဒီ ကျောင်းတွေကို ၀င်ခွင့်ရဖို့အတွက်ရောလွယ်ကူပါသလား။ ဟုတ်ကဲ့၊ ပိုလီနဲ့ITE ကျောင်းတွေကို ၀င်ခွင့်ရဖို့ကတော့ လွယ်ကူတယ်လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆို တော့ အစိုးရက သူ့နိုင်ငံ သားကို ဦးစားပေးခေါ်ပြီး တခြားပြည်ပကျောင်းသားတွေကိုတော့ သတ်မှတ်ချက်များဖြင့် စိစစ်ရွေးချယ်ပြီးခေါ်ကြပါတယ်။ ဥပမာ-တက သိုလ်ဝင်တန်းအောင်အမှတ်အမြင့်ဆုံးရထားရဲ့လား။ အင်္ဂလိပ်စာ ဘယ်လောက်ကောင်းလဲGCE O Level ရှိရဲ့လား။ ရွေးချယ်တဲ့ဘာသာရပ်ကသူ့စင်ကာပူနိုင်ငံသားတွေ မယူချင် တဲ့ဘာသာရပ်လား။ ဥပမာ-အင်ဂျင်နီယာ၊ ဟိုတယ်ဆိုင်ရာဘာသာရပ် တွေ စသည်ဖြင့်ပေါ့။ နောက်ပြီး ဒီနှစ်အ တွက်ပြည်ပကျောင်းသားတွေကိုQOTASလို့ခေါ်တဲ့ အချိုးကျနဲ့ကန့်သတ်ပြီး ရွေးချယ်ခေါ်တော့ ကျောင်းလျှောက် နှုန်းက ဦးရေများပြီး ၀င်ခွင့်ရသူကအလွန်နည်းပါးပါတယ်။ အဲဒါကြောင့် ကျောင်းသားတွေဟာ အဲဒီဘာသာရပ် တွေကိုသင်ယူခွင့် ရဖို့အကြိမ်များစွာ ကြိုးစားလျှောက်ြကရပြီးဝင်ခွင့်မရသူများလည်း အလွန်များလာတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ၀င်ခွင့်ရဖို့တော့ အခက်အခဲအနည်းငယ်ရှိတဲ့အတွက် ဒီကျောင်းတွေကို ၀င်ခွင့်ရရှိဖို့ အတွက်တော့ ပိုပြီးကြိုးစားကြရ မှာဖြစ်ပါတယ်။ မေး- ပိုလီနှင့်ITEကျောင်းတွေကိုဝင်ခွင့်ရဖို့နည်းပါးတယ်လို့သိရပါတယ်။ ဒီကျောင်းတွေကိုတက်ပြီး အသက်မွေး ၀မ်းကျောင်း လုပ်ချင်ကြတဲ့သူတွေများလာတော့ ကျွန်တော်တို့လို ၀င်ခွင့်မရတဲ့အချိန်ကြာနေကြတဲ့ ကျောင်းသား တွေအတွက် သက်ဆိုင်ရာ ပညာရေးအတိုင်ပင်ခံတွေရဲ့အကြံပြုချက်တွေကိုသိချင်ပါတယ်။ပညာရေးကျွမ်းကျင် သူတစ်ဦးအနေနဲ့ ကျောင်းသားလူငယ်တွေကို အားပေးစကားပြောချင်တာက "ငုပ်မိသဲတိုင် တက်နိုင်ဖျား ရောက်"ဆိုတဲ့စကားကဲ့သို့ အဲဒီကျောင်းတွေကိုဝင်ခွင့်ရဖို့နည်းလမ်း တွေများစွာရှိတယ်လို့ပြောချင်ပါတယ်။ရတဲ့ အခွင့်ရေးကိုတော့ အမိအရယူနိုင်ရပါမယ်။ဇွဲမလျှြော့ကပါနဲ့။ITE ၊ပိုလီဝင်ခွင့်ရဖို့အတွက် ကျောင်းလျှောက်တာ ထက်ငါ့မှာဘာတွေလိုအပ်နေသလဲဆိုတာကိုပထမဆုးံသိအောင်အရင်စိစစ်သုံးသပ်ရပါမယ်။ လိုနေတာကို ပြင် ဆင်ဖြည့်စွက်ထားဖို့ လိုပါတယ်။ITE။ပိုလီကျောင်းတွေ မှာ ပညာသင်ဖို့အတွက် ကုန်ကျစရိတ်က သက်သာတော့ ကျောင်းသားတွေအ နေနဲ့ Effort ထုတ်ယူရပါမယ်။ Competitive ဖြစ်ရပါမယ်။ ဇွဲရှိပြီး စိတ်ရှည်ရပါမယ်။ မိဘတွေအနေနဲ့လည်းဒီလိုပညာသင်စရိတ်သက် သာတဲ့ကျောင်းတွေမှာ ကျောင်းသားတွေလျှောက်တိုင်းမရနိုင်တဲ့ အခက်အခဲတွေကိုတော့ သားသမီးတွေကိုနားလည်ပေးရပါမယ်။ ဥပမာ-၀င်ခွင့်ခက်တယ်၊ အပြိုင်အဆိုင်များ တယ် ဒီတစ်ခေါက်မရရင် နောက်တစ်ခေါက်ထပ်ပြီး ကြိုးစားရမယ်။ အဲဒီITE နှင့် ပိုလီကျောင်းတွေမှာ ကျောင်း ပြီးဖို့ အတွက် လေးနှစ်လောက်သင်ကြားရမှာဖြစ်တယ် စသည်ဖြင့်ပေါ့လေ။ မေး- စင်ကာပူနိုင်ငံမှာITE၊ ပိုလီလိုကျောင်းတွေအပြင်အခြားအစိုးရကချီးမြှင့်တဲ့ ခိုင်မာသောပညာရပ်တွေကို မြန် မာကျောင်းသားတွေ သိရှိနိုင်အောင်လဲ အကြံပြုရှင်းပြပေးစေချင်ပါတယ်။ စင်ကာပူအနေနဲ့ပြောရရင်တော့ITE နဲ့ပိုလီလိုကျောင်းတွေဟာ မြန်မာကျောင်းသားတွေအတွက် ပထမအကောင်း ဆုံးလို့ အကြံပေး ချင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ မြန်မာကျောင်းသားတွေရဲ့ မိဘအများစုက ငွေကုန်ကြေး ကျသက်သာမှုကို အဓိက ဦးစားပေး ကြလို့ပါပဲ။ဒုတိယအကောင်းဆုံးအကြံပြုချင်တာကတော့ စင်ကာပူအစိုးရက တိုက်ရိုက်ချီးမြှင့်တဲ့WSQ ပညာ ရပ်အသစ်တွေဖြစ် ပါတယ်။ ယခင်က အဲဒီစင်ကာပူအစိုးရအသိအမှတ်ပြုဒီ ပလိုမာလက်မှတ်ဘယ်လိုရွေးချယ်ရမ လဲယခုတစ်ပတ်၌ စင်ကာပူတွင်ကျောင်း တက်ရင်းအလုပ်လုပ်လိုသူများ၊ ကျောင်းပြီးပါက အလုပ်အကိုင်သေချာ လိုသူများက စင်ကာပူအစိုးရအသိအမှတ်ပြုဒီပလိုမာလက်မှတ် များအ ကြောင်းအများဆုံးမေးမြန်းထားပါသည်။ ပညာရပ်တွေကိုတော့စင်ကာပူနိုင်ငံသားနဲ့စင်ကာပူမှာနေထိုင်ခွင့်ရရှိထားသူများကိုသာ တက်ရောက်ခွင့်ပေးထား ပါတယ်။ အစိုးရအနေနဲ့လည်းScholarship-Grant/Loan တွေကိုWSQ ပညာရပ်သင်ယူသူများအတွက် ထောက်ပံ့ ကြေးပေးခဲ့ပါတယ်။ယခု ၂၀၀၈ ခုနှစ်မှစတင်ပြီးပထမဆုံးတစ်ခုတည်းသောTMISအဖွဲ့အစည်း ကျောင်းက ပြင်ပကျောင်းသားများကိုScholarship Grantများ စတင်ပေးနေပြီး လျှောက်လွှာတွေလဲ ခေါ်ယူနေ ပါပြီ။ အဲဒီအစီအစဉ်တွေကိုတော့WDAလို့ခေါ်တဲ့ Work Force Development Agency စင်ကာပူအဖွဲ့အစည်း ကနေTMIS ကို WDA Lead School သူ အဖြစ်သတ်မှတ်ကာ ၂၀၁၀ စင်ကာပူနိုင်ငံ ခရီးသွားလာရေးစီမံကိန်းမှာ လိုအပ်လာမယ့် ကျွမ်းကျင်လုပ်သားများကို စခန်းသွင်းလေ့ကျင့်ပေးဖို့ တာဝန်ချမှတ်ထား ပါတယ်။ယခုစင်ကာပူမှာ ပထမဆုးံ ဖှင့်လှစ်မယ့် ကမ္ဘာ့အမြင့်ဆုးံရဟတ် Marina Bay က Resort တွေအတွက် အလုပ်သင်ဝန် ထမ်းတွေ ကိုလဲWSQ ပညာရပ်တွေကို စတင်သင်ကြားပေးနေပါပြီ။ အဲဒီအစီအစဉ်တွေကိုလဲကဏ္ဍတွေနဲ့ ခွဲထားပါတယ်။ စင်ကာပူတစ်နိုင်ငံလုံးမှာရှိတဲ့ ခရီးသွားလုပ်ငန်းအတွက် လိုအပ်တဲ့ဝန်ထမ်းတွေကိုတော့Skill up grade နေ ဖြစ်တဲ့သင်တန်း တွေကSectorထဲမှာလိုအပ်လာမယ့် ကျွမ်းကျင်လုပ်သားတွေကို ပြည်တွင်းပြည်ပမှခေါ်ယူနေပြီး လေ့ကျင့်သင်ကြားပေးနေပါတယ်။ အဲဒီကျွမ်းကျင်လုပ်သားတွေကိုလဲ လက်တွေ့လုပ်ငန်းခွင်ဆင်းကာ အလုပ်ခွင်ထဲမှာပဲ နေရာချပေးထားနိုင်ဖို့ဆိုပြီး တော့လည်းPlace & train တွေလုပ်နေကြပါတယ်။ အဲဒီအတွက် မြန်မာကျောင်းသားတွေ ရရှိနိုင်မယ့်အထူး ခွင့်အရေးကတော့ITE ပိုလီလိုပညာရပ်ဖြစ်ပြီးဝင်ခွင့်သတ်မှတ်ချက်သိပ်မမြင်ထားပါဘူး။ ဒါပေမယ့် တချို့ပုဂ္ဂလိ ကကျောင်း တွေလိုတော့ ၀င်ခွင့်မလွယ်လှပါဘူး။ တက သိုလ်ဝင်တန်းအောင် အမှတ်များဖို့လိုအပ်ပါတယ်။ အင်္ဂလိပ်စာအရည်အချင်းကောင်းရမယ်။ ၀င်ခွင့်လူဦးရေကိုလည်းITE၊ ပိုလီကျောင်းတွေထက် ပိုပြီးခေါ်နိုင်တယ်။ Grantများများချပေးထားတယ်။ ဒါပေမယ့် ကျောင်းသားရဲ့ Presentation ပေါ်မူတည်ပြီးGrant ပေးမပေး ဆုံးဖြတ်တယ်။ ဥပမာ- Academicသမားမဖြစ်ရပါဘူး။ လက်တွေ့ဆန်ပြီး ဟိုတယ်လုပ်ငန်းဆိုင်ရာလုပ် ငန်းတွေမှာ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမယ်။ITE မှ ပိုလီဆက်တက်မယ်ဆိုရင် လေးနှစ်ပြီးမှ ဒီပလိုမာရမှာမဟုတ် ဘဲ Certificate မှစတက်ရင် နှစ်နှစ်အတွင်း ဒီပလိုမာရနိုင်ပါတယ်။ ပထမ Certificate Level နဲ့ အလုပ်ရှာရင်လဲ Operation Staff အနေနဲ့ အလုပ်လုပ်နိုင်ပါတယ်။ စာသင်ကာလခြောက်လဖြစ်ပြီး လက်တွေ့ကာလခြောက်လကိုတော့Certificate နဲ့ ဒီပလိုမာတွေမှာစီစဉ်ပေးထားပြီး ဟိုတယ်တွေမှာHouse keeping Waiter လုပ်ရတာမဟုတ်ဘဲ Tourism Sector တွေမှာOperation Supervisor Management Level တွေမှာသာ အလုပ်လုပ်ရပြီး လစာအနေဖြင့်လဲ တစ်လကို စင်ကာပူဒေါ်လာငါးရာမှရှစ်ရာအထိရရှိပါတယ်။ လက်တွေ့သင်တန်းခြောက်လမှာလဲ လုပ်ခအနေနဲ့ စုစုပေါင်းစင်ကာပူဒေါ်လာငါးသောင်း ကျော်ပြန်ရနိုင်တဲ့အ တွက် Grant အရရှိမယ့်သူများအတွက် ပိုလီလိုအကြွေးဆပ်စရာမလိုဘဲ အရင်းကျေနိုင်ပါတယ်။ ဒါပေမဲ့Grant မရသူများကတောFirst Investment ပိုများသွားနိုင်ပါတယ်။ မေး- စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံက ကျောင်းသားတွေရရှိနိုင်မယ့်အထူးအခွင့်အရေးတွေရဲ့ အစီအစဉ်တွေကို အသေးစိတ်ရှင်းပြ ပေးစေချင်ပါတယ်။ အဲဒီအစီအစဉ်တွေကတော့ စင်ကာပူနိုင်ငံမှာ လိုအပ်နေတဲ့အလုပ်သမားခန့်ထားမှုနေရာများအတွက် အရည်အ ချင်းပြည့်လုပ်သားတွေကိုခန့်ထားနိုင်ဖို့ စင်ကာပူအစိးု ရရဲ့လမ်း ညွှန်မူနဲ့ WDA (Work Force Development Agency) ကိုစနစ်တကျဖွဲ့စည်းပြီး သင်ရိုးညွှန်းတမ်းနှင့်ပြုလုပ်သင်ကြားပေးနေတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ WAQ သင်တန်းကိုWAQ Advanced Certificate in Travel & Tourism Attraction နှင့်WAQ Diploma in Tourism Attraction ဆိုပြီး Level နှစ်ခုနဲ့ သင်ကြားပေးနေပါပြီ။ တက်ရောက်ခွင့်ရသူများအနေဖြင့်လည်းWDAက လစာငွေတစ်စိတ်တစ်ပိုင်းကိုလည်း ထောက်ပံ့ပေးပါတယ။် သင်တန်း ကြေးများကိုလည်းကင်းလွတ်ခွင့်ရရှိတဲ့ အခွင့်အလမ်း တွေကြောင့် စင်ကာပူ Employment Market မှာ ပိုလီကျောင်းဆင်းတွေလို သေချာတဲ့အလုပ် အကိုင်ရနိုင်ဖို့ ပညာရင်းမြစ်ဖြစ်တာကြောင့် အလုပ်တစ်ဖက်နှင့်ပညာသင်ကြားလိုတဲ့ ပြည်ပက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အထူးစိတ်ဝင်စားလျက်ရှိကြောင်းကိုလည်း ယခင်လထုတ်ဂျာနယ်တစ်စောင်တွင် ဖော်ပြ ထားတာကို သိရှိရပါတယ်။ အသေးစိတ်ကို ပိုမိုသိရှိလိုရင်တော့ www.wda.gov.sg,http://wsq.wda.gov.sg/aboutWSQ နှင့် www.tmis.edu.sg ၀က်ဘ်ဆိုက်တွေကို ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။
|
|
| Last Updated ( Sunday, 17 February 2008 ) |
| < Prev |
|---|