|
ပင်မဆဲလ်တွေက နှလုံးအဆို့ရှင်တွေကို ကုသနိုင် |
|
|
|
Posted by Administrator
|
|
Friday, 13 April 2007 |
|
UK မှာ နှလုံးရောဂါဟာ ကြောက်စရာ အကောင်းဆုံး လူသတ်သမား ဖြစ်နေပါတယ်။ ၂၀၀၄ ခုနှစ်မှာ နှလုံးရောဂါနဲ့ လေသင်တုန်းရောဂါ တို့ကြောင့်
လူပေါင်း နှစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၀၃ ခုနှစ်မှာလည်း လူတစ်သောင်းနီးပါးဟာ နှလုံးအဆို့ရှင် အစားထိုး ကုသမှုများ ပြုလုပ်ခဲ့ရပြန်ပါတယ်။ နှလုံး အလှူရှင်တွေ ရှားပါးမှု ကြောင့် အစားထိုး ကုသမှုဆိုတာလည်း မလွယ်ကူလှပါဘူး။ ဒါပေမယ့် နှလုံးရောဂါ ဝေဒနာရှင်တွေအတွက် သတင်းကောင်း တစ်ခုကတော့ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲက ပင်မဆဲလ် (stem cell) တွေကို နှလုံးအဆို့ရှင် တစ်သျှူးတွေအဖြစ် ပြောင်းလဲကာ ထိုတစ်သျှူးများနှင့် လူနာများရဲ့ အသက်ကို ကယ်တင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအချက်ကို စတင် တွေ့ရှိခဲ့သူတွေကတော့ ဗြိတိသျှ သိပ္ပံပညာရှင် တွေပဲ ဖြစ်ပါတယ်။ ဒါကို တွေ့ရှိဖို့ သူတို့ ဆယ်နှစ်တောင် ကြာခဲ့ပါတယ်။ ဇွဲကောင်းတဲ့ ဒီအဖွဲ့မှာ ဆရာဝန်တွေအပြင် ရူပဗေဒ ပညာရှင်တွေ၊ ဆေးဝါးဗေဒ ပညာရှင်တွေနဲ့ ကလပ်စည်းတွေကို လေ့လာတဲ့ နှလုံးခွဲစိတ် ဆရာဝန် Sir Magid Yacoub ဦးဆောင်တဲ့ အဲဒီ ပင်မဆဲလ်တွေကို လေ့လာတဲ့အဖွဲ့ဟာ နှလုံးအဆို့ရှင် တွေလိုပဲ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တဲ့ တစ်သျှူးတွေကို Harfield ဆေးရုံမှာ စမ်းသပ်ခဲ့ကြပါတယ်။ ပင်မ ဆဲလ်တွေဟာ ဆဲလ်အမျိုးမျိုးအဖြစ် အသွင်ပြောင်းလဲနိုင်တဲ့ အစွမ်းသတ္တိရှိတယ် ဆိုတဲ့ အချက်ကို အခြေခံပြီး ဒီစမ်းသပ်မှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ နှလုံးအဆို့ရှင် တစ်သျှူးတွေ ဖြစ်ဖို့ ပထမဦးစွာ ရိုးတွင်းခြင်ဆီထဲက ပင်မဆဲလ်တွေကို ထုတ်ယူပြီး နှလုံးအဆို့ရှင် ဆဲလ်တွေနဲ့ အတူတူ ရောနှောထားရပါတယ်။ အဲဒီ ဆဲလ်တွေကို ငြမ်းပုံစံ ဖြစ်ပေါ်နေတဲ့ collagen အမျှင်တွေထဲမှာ ထည့်ပြီးနောက်မှာတော့ အကျယ် သုံးစင်တီမီတာရှိ အ၀ိုင်း ပုံသဏ္ဍာန် နှလုံးအဆို့ရှင် တစ်သျှူးတွေ ဖြစ်လာပါတော့တယ်။ ထိုတစ်သျှူးတေါကို သိုး၊ ၀က် အစရှိတဲ့ တိရစ္ဆာန် တွေမှာ စမ်းသပ်မှာ ဖြစ်ပြီး တကယ်လို့ ထိုစမ်းသပ်မှုသာ အောင်မြင်ခဲ့မယ် ဆိုရင်တော့ ပင်မဆဲလ်ကနေ တစ်သျှူးအမျိုးမျိုး ထုတ်လုပ်ဖို့ဆိုတာ လွယ်ကူသွားပါပြီ။ အဲဒီ တစ်သျှူးတွေနဲ့ ကိုယ်ခန္ဓာတွေရဲ့ အခြားအစိတ်အပိုင်းတွေကို ကုသနိုင်ဖို့ကိုလဲ သိပ္ပံပညာရှင်က မျှော်လင့်ထားကြပါတယ်။ အဖွဲ့ခေါင်းဆောင် Sir Magdi Yacoub ကတော့ နောင်လာမည့် ၁၀ နှစ်မှာ ပင်မဆဲလ်တွေနဲ့ နှလုံးတစ်ခုလုံးကို ကုသပေးနိုင်လိမ့်မယ်လို့ ထင်ကြေးပေးထားပါတယ်။ |
|
Last Updated ( Sunday, 17 February 2008 )
|