News
ARCHIVE
News Category
Business
အီး-ရဂျစ်စထရေးရှင်း ၀န်ဆောင်မှု မလေးရှားမှ စတင်မိတ်ဆက် | အီး-ရဂျစ်စထရေးရှင်း ၀န်ဆောင်မှု မလေးရှားမှ စတင်မိတ်ဆက် |
|
|
| Posted by Administrator | |
| Friday, 13 April 2007 | |
|
မလေးရှားကုမ္ပဏီပေါင်းစု ကော်မရှင် (CCM)မှ မိတ်ဆက်တင်သွင်းသည့် အီး-လုပ်ဒ်မန့်ဝန်ဆောင်မှုက ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ကွာလာလမ်ပူ၊ ဇန်န၀ါရီ ၃၁- မလေးရှားနိုင်ငံတွင် စီးပွားရေးလုပ်ငန်း တစ်ခု အကောင်အထည်ပေါ်ပေါက်ရန် အချိန်တစ်ရက်တာမျှ ပေးရုံဖြင့်စတင်လည်ပတ်နိုင်ပြီဟု ပြည်တွင်းမီဒီယာများမှ တင်ပြခဲ့ကြသည်။ မလေးရှားကုမ္ပဏီပေါင်းစု ကော်မရှင် (CCM)မှ မိတ်ဆက်တင်သွင်းသည့် အီး-လုပ်ဒ်မန့်ဝန်ဆောင်မှုက ပြုလုပ်ပေးသွားမည်ဖြစ်သည်။ မလေးရှားကုန်သွယ်ရေးရာဌာနမှ ၀န်ကြီးရှဖီးအပ်ဒဲက အခုလိုပြောခဲ့သည်။ “ဒီဝန်ဆောင်မှုက နိုင်ငံခြားသားတွေကို မလေးရှားနိုင်ငံမှာစီးပွားရေးလုပ်ငန်း တည်ထောင်ဖို့ ပိုပြီးဆွဲဆောင်ပေး လိမ့်မယ်၊ အဲဒီတော့ နိုင်ငံအများနဲ့ယှဉ်ပြိုင်ရတဲ့အခါ ကိုယ့်နိုင်ငံကို ကူညီပေးရာရောက်တာပေါ့”။ “ဒီစနစ်ကို အခုမှစတင်မိတ်ဆက်ပေးတုန်းပဲ ရှိသေးတာပါ။ ဒီစနစ်ကြောင့် မလေးရှားနိုင်ငံဟာ နောင်နှစ်ခါကျရင် ကမ္ဘာ့ ဘဏ်စာရင်း သတ်မှတ်ချက်မှာ နံပါတ် ၂၄ နေရာကို ထိန်းထားနိုင်စွမ်းရှိမယ်လို့ မျှော်လင့်ပါတယ်”ဟု နယူးစထရိတ်တိုင်းမ်သတင်းဌာနသို့ ပြော ကြားခဲ့သည်။ ကမ္ဘာ့ဘဏ်စာရင်းသတ်မှတ်ချက်အရ ယခုနှစ်တွင် မလေးရှားနိုင်ငံသည် နိုင်ငံပေါင်း ၁၇၈နိုင်ငံ၌ အဆင့် ၂၄နေရာတွင်ရှိသည်။ စစ် တမ်းကောက်ယူမှုအရ မလေးရှားနိုင်ငံ၌ ကုမ္ပဏီတစ်ခုမှတ်ပုံတင်သွင်းရန် ၂၄ရက် ကြာမြင့်ပြီး နံပါတ်(၁)နေရာတွင်ရှိ သော စင်ကာ ပူနိုင်ငံ၌မူ ငါးရက်မျှသာကြာမြင့်သည်။ “အရင်တုန်းက မှတ်ပုံတင်ဖို့ တစ်ပတ် ဒါမှမဟုတ် တစ်လထိတောင်ကြာရင် ကြာသွားနိုင်တယ်။ ဒါပေမဲ့ အခုတော့ တစ်နေ့တည်းနဲ့ အပြီးလုပ်နိုင်ပါပြီ။ နောက်ဆိုရင် ဒီ့ထက်တောင် ပိုပြီးမြန်မြန်လုပ်နိုင်လာပါလိမ့်မယ်” ဟု ၀န်ကြီးက ပြောခဲ့သည်။
|
|
| Last Updated ( Sunday, 17 February 2008 ) |
| < Prev | Next > |
|---|