News
ARCHIVE
News Category
Business
ကုန်ဈေးနှုန်းများကြီးမြင့်လာမှု့အတွက် စကာင်္ပူ အစိုးရမှ ပြည်သူများအား ကူညီမည် | ကုန်ဈေးနှုန်းများကြီးမြင့်လာမှု့အတွက် စကာင်္ပူ အစိုးရမှ ပြည်သူများအား ကူညီမည် |
|
|
| Posted by Administrator | |
| Friday, 13 April 2007 | |
|
စကာၤပူ။ ။ ငွေဖောင်းပွမှု့မှာ စကာင်္ပူ နိုင်ငံစီးပွားရေး အတွက် အဓိက မသေချာသည့် ကိစ္စ တစ်ရပ် ဖြစ်လျှက်ရှိသည်ဟု ဘဏ္ဍရေး ဝန်ကြီး Tharman Shanmugaratnam မှ
တိပေး လိုက် ကြောင်း သိရသည်။ သောကြာနေ့တွင် ပြုလုပ်သော ပါလီမန် မိန့်ခွန်းတွင် ၎င်းမှပြောကြားရာ၌ ၂၀၀၇ခုနှစ် အတွက် ဘဏ္ဍရေးဘက်ဂျက်အား စကာင်္ပူဒေါ်လာ ၆.၄ ဘီလီယံ အထိ အသုံးပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းမှ ဆက်လက် ပြောဆိုရာ၌ ၎င်းတို့ အနေဖြင့် သွင်းကုန်ငွေကြေး ဖောင်းပွမှု့အား စကာင်္ပူ ဒေါ်လာငွေကြေးလဲလှယ်မှု့နှုန်း ပေါ်လစီနှင့် လျှော့ပေါ့နိုင်ရန် ပြုလုပ်မည် ဖြစ်ကြောင်း၊ စကာင်္ပူ ဒေါ်လာအနေဖြင့် စီးပွားရေး ကြီးထွားမှု့နှင့် လုပ်ဆောင်ချက်များ အပေါ် မည်မျှမြန်မြန် ဆောင်ရွက်ပေးနိုင်လိမ့်မည် ဟူသော ကန့်သတ်ချက်ကို ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် ဖြေးဖြေးနှင့် မှန်မှန် အသုံးစာရိတ်များ လျှော့ချနိုင်လိမ့်မည်ဟု ယူဆရကြောင်း သို့သော်ငြားလည်း တိုးတက်မှု့ နှေးကွေးမှု့ကြောင့် အလုပ်လက်မဲ့များ မြင့်မားလာလိမ့်မည် ဟုပြောဆိုလိုက်သည်။ ငွေဖောင်းပွမှု အဓိက အကြောင်းရင်းကြောင့် အစားအစာများနှင့် ဆီဈေးနှုန်းများ မြင့်တက်လာစေရန် အဓိက ဖိအား ပေးခြင်းကို ဖြစ်ပေါ်စေခဲ့သည်ဟု ပြောဆိုခဲ့သည်။ ထို့ အတူပင် စကာင်္ပူ နိုင်ငံ အနေဖြင့် အခွန် ပေါ်လစီအား ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် အတွက် ညှိနှိုင်းဦးမည်ဟု သိရသည်။ လက်ရှိအခြေနေ အရ စကာင်္ပူ၏ စီးပွားရေး မှာ ၂၀၀၇ခုနှစ်တွင် ၇.၇ ရာနှုန်း တိုးတက်ခဲ့ပြီး လွန်ခဲ့သော ၂၀၀၆ ကထက် ၀.၆ ရာနှုန်း အထိ လျှော့ကျခဲ့ကြောင်း သိရသည်။ |
|
| Last Updated ( Sunday, 17 February 2008 ) |
| < Prev |
|---|