| နေခြည်ထဲတွင် ရွှေကိုမြင်သည် |
|
|
| Posted by Administrator | |
| Monday, 09 August 2004 | |
|
ပြီးခဲ့တဲ့အပတ်က “လက်ဝဲသစ် New Left ” တို့ရဲ့ ဖခင်ကြီးခေါ်လောက်တဲ့ ဟားဘတ်မာကျု Herbert Marcuse (1898-1979) ကိုအနည်းအကျဉ်း တို့ထိဖော်ပြရာမှာ သူ့ရဲ့အရေးပါတဲ့အတွေးအခေါ်ဖြစ်တဲ့ “လူတန်းစား” အကြောင်းနဲ့“နိုင်ငံရေးပုံသဏ္ဍာန်သစ်” တွေအကြောင်းပါ
“လူတန်းစား”အကြောင်းကိုပဲ အနည်းငယ် ဖြန့်ကြက် တင်ပြရပါလိမ့်မယ်။ မာကျုရဲ့ အရေးအပါဆုံး အတွေးအခေါ်ကောက်ချက်က ဒီနေ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ရာမှာ (ဝါ)ပစ္စည်းမဲ့ တော်လှန်ရေးဆင်နွဲရာမှာ ပစ္စည်းမဲ့လူတန်းစား/အလုပ်သမားလူတန်းစားဟာ ဦးဆောင်သူ မဟုတ်တော့ဘူးဆိုတဲ့ ကောက်ချက်ဖြစ်ကြောင်လည်း ပြောခဲ့ပါတယ်။ Aristocracy ၅။ လမ်ပင်ပစ္စည်းမဲ့/ ကလေကချေလူတန်းစား ဖော်ပြတင်ဆက်ခဲ့ပါတယ်။ ပို့စ်မော်ဒန် နိုင်ငံရေးအတွေးအခေါ်များနဲ့ ဆက်စပ်နေတယ်လို့ လည်းပြောခဲ့ပါတယ်။ အခုအပတ်မှာ “နိုင်ငံရေးပုံသဏ္ဍာန်သစ်” တွေအကြောင်းပဲ ပြောသွားပါမယ်။ မပြောခင်မှာ ဆက်စပ်ပတ်သက်နေတဲ့အကြောင်းအချို့ကို တင်ပြပါဦးမယ်။ ဒီနေရာမှာ မာ့က္စရဲ့“လူတန်းစား” သီဝရီိကို ပြောဖို့လိုအပ်လာပါတယ်။ မာ့က္စဝါဒကို အတော်အသင့် လေ့လာဖူးတဲ့ပုဂ္ဂိုလ်မှန်ရင် မာ့က္စဝါဒီတို့ရဲ့ လူတန်းစား ၅ ရပ် သီဝရီကိုသိကြပြီးသားလို့ ကျွန်တော်ယူဆပါတယ်။ သိကြပြီးသားဖြစ်ပေမယ့်လည်း စကားစဉ်ဆက်စပ်မိအောင် ထပ်မံဖော်ပြခွင့်ပြုပါ။ မာ့က္စဝါဒီတို့ အလိုအရ လူတန်းစား ၅ ရပ်ရှိခဲ့တယ်။ ၁။ အရစ္စတိုကရက် / ဘူဇွာလူတန်းစား Bourgeoisie ၃။ ပစ္စည်းမဲ့လူတန်းစား Protetariat ၄။ ပက်တီးဘူဇွာလူတန်းစား Petty bourgeoisie Lumpenproletariat ပထမလူတန်းစားဖြစ်တဲ့ မင်းစိုးရာဇာ မှူးကြီးမတ်ကြီးတွေဟာ သမိုင်းမှာ အတိတ်ဖြစ်ခဲ့ပြီလို့ ဆိုတယ်။ ဒုတိယလူတန်းစားကတော့ လူ့အဖွဲ့အစည်းမှာ ရှင်သန်လွှမ်းမိုးနေဆဲပဲ။ ဒါပေမယ့် မကြာခင် ပျောက်ကွယ်ရတော့မယ် ပစ္စုပ္ပန်လို့ပြောကြတယ်။ တတိယလူတန်းစားကတော့ ရွှေလူတန်းစားပဲ။ အနာဂတ်ရဲ့ မျှော်မှန်းချက်ဖြစ်တယ်။ မလွဲမသွေဖြစ်ပေါ်လာရမယ့် တော်လှန်ရေးကြီးရဲ့ အသည်းနှလုံးဖြစ်တယ်။ စတုတ္ထပတ်တီးဘူဇွာ (ပတ်တီး=အငယ်စား) ဆိုတာက အခုအနေနဲ့ ပြောရရင် ဝန်ထမ်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းလုပ်သူတွေ၊ လူလယ်တန်းစားတွေလို့ ပြောရလိမ့်မယ် ထင်ပါတယ်။ သူတို့ဟာ ဘူဇွာတွေလို ကုတ်ထုတ်အရင်းအနှီးတွေကို ပိုင်ဆိုင်ထားသူတွေ မဟုတ်ဘူး။ ပစ္စည်းမဲ့လူတန်းစားလို အောက်ဆုံးကလည်းမဟုတ်။ တော်လှန်ရေးကြီးမှာတော့ (များသောအားဖြင့်) သူတို့ကိုယ်ကျိုးစီးပွားကို မထိခိုက်တဲ့ဘက်ကို လိုက်သွားတတ်တယ်။ တိုးတက်တဲ့နိုင်ငံရေးအမြင်ရှိသူတွေ (ကျောင်းဆရာတွေ၊ အစိုးရဝန်ထမ်းစာရေးစာချီတွေ၊ တတ်သိပညာရှင်တွေ၊ အနုပညာသမားတွေ) ကတော့ ပစ္စည်းမဲ့တွေနဲ့အတူ တော်လှန်ရေးဘက်ကပါတတ်ကြတယ်။ လုံးဝယုံကြည်စိတ်ချရတဲ့ ပုံသေသတ်မှတ်လို့ မရဘူး။ နောက်ဆုံးလူတန်းစားကတော့ ဘာမှသုံးမရတဲ့ ကလေကချေပစ္စည်းမဲ့တွေပဲ။ သူတို့ကို မာ့က္စ Marx က “ကမ္ဘာမြေရဲ့ အမှိုက်သရိုက် အညစ်အကြေး” (Scum) လို့တောင် သုံးနှုန်းပြောဆိုဖူးတယ်။ သမိုင်းမှာ နပိုလီယံတို့လို၊ ဟစ်တလာတို့လိုလူတွေက ပြည်သူလူထုကို နှိပ်ကွပ်ရာမှာ ဒီကလေကချေလူတန်းစားတွေကို ငွေကြေးတွေအခွင့်အရေးတွေပေးပြီး အသုံးချခဲ့တယ်။ သူတို့ကလည်း နိုင်ငံရေးအသိ လုံးဝမရှိတဲ့လူတွေဖြစ်တဲ့အတွက် ဘဝတူအချင်းချင်းကို ငွေရရင်ပြီးရော၊ ရက်ရက်စက်စက် နှိပ်ကွပ်တတ်တယ်။ ကြေးစားလက်မရွံ့လူသတ်သမားတွေ ပါပဲ။ |
|
| Last Updated ( Wednesday, 26 March 2008 ) |
| < Prev | Next > |
|---|