Lost Password? Register
  • Narrow screen resolution
  • Wide screen resolution
  • Auto width resolution
  • Increase font size
  • Decrease font size
  • Default font size

PhatPa.com| Local Journal News for Shwe (Oversea)

Friday
Aug 29th
Home
နေခြည်ထဲတွင် ရွှေကိုမြင်သည် Print E-mail
Posted by Administrator   
Monday, 09 August 2004
ပြီးခဲ့တဲ့အပတ်က “လက်ဝဲသစ် New Left ” တို့ရဲ့ ဖခင်ကြီးခေါ်လောက်တဲ့ ဟားဘတ်မာကျု Herbert Marcuse (1898-1979) ကိုအနည်းအကျဉ်း တို့ထိဖော်ပြရာမှာ သူ့ရဲ့အရေးပါတဲ့အတွေးအခေါ်ဖြစ်တဲ့ “လူတန်းစား” အကြောင်းနဲ့“နိုင်ငံရေးပုံသဏ္ဍာန်သစ်” တွေအကြောင်းပါ

“လူတန်းစား”အကြောင်းကိုပဲ အနည်းငယ် ဖြန့်ကြက် တင်ပြရပါလိမ့်မယ်။ မာကျုရဲ့ အရေးအပါဆုံး အတွေးအခေါ်ကောက်ချက်က ဒီနေ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ရာမှာ (ဝါ)ပစ္စည်းမဲ့ တော်လှန်ရေးဆင်နွဲရာမှာ ပစ္စည်းမဲ့လူတန်းစား/အလုပ်သမားလူတန်းစားဟာ ဦးဆောင်သူ မဟုတ်တော့ဘူးဆိုတဲ့ ကောက်ချက်ဖြစ်ကြောင်လည်း ပြောခဲ့ပါတယ်။

Aristocracy ၅။ လမ်ပင်ပစ္စည်းမဲ့/ ကလေကချေလူတန်းစား ဖော်ပြတင်ဆက်ခဲ့ပါတယ်။ ပို့စ်မော်ဒန် နိုင်ငံရေးအတွေးအခေါ်များနဲ့ ဆက်စပ်နေတယ်လို့ လည်းပြောခဲ့ပါတယ်။

အခုအပတ်မှာ “နိုင်ငံရေးပုံသဏ္ဍာန်သစ်” တွေအကြောင်းပဲ ပြောသွားပါမယ်။ မပြောခင်မှာ ဆက်စပ်ပတ်သက်နေတဲ့အကြောင်းအချို့ကို တင်ပြပါဦးမယ်။ ဒီနေရာမှာ မာ့က္စရဲ့“လူတန်းစား” သီဝရီိကို ပြောဖို့လိုအပ်လာပါတယ်။ မာ့က္စဝါဒကို အတော်အသင့် လေ့လာဖူးတဲ့ပုဂ္ဂိုလ်မှန်ရင် မာ့က္စဝါဒီတို့ရဲ့ လူတန်းစား ၅ ရပ် သီဝရီကိုသိကြပြီးသားလို့ ကျွန်တော်ယူဆပါတယ်။ သိကြပြီးသားဖြစ်ပေမယ့်လည်း စကားစဉ်ဆက်စပ်မိအောင် ထပ်မံဖော်ပြခွင့်ပြုပါ။ မာ့က္စဝါဒီတို့ အလိုအရ လူတန်းစား ၅ ရပ်ရှိခဲ့တယ်။

၁။ အရစ္စတိုကရက် /

ဘူဇွာလူတန်းစား Bourgeoisie

၃။ ပစ္စည်းမဲ့လူတန်းစား Protetariat

၎။ ပက်တီးဘူဇွာလူတန်းစား Petty bourgeoisie Lumpenproletariat

ပထမလူတန်းစားဖြစ်တဲ့ မင်းစိုးရာဇာ မှူးကြီးမတ်ကြီးတွေဟာ သမိုင်းမှာ အတိတ်ဖြစ်ခဲ့ပြီလို့ ဆိုတယ်။ ဒုတိယလူတန်းစားကတော့ လူ့အဖွဲ့အစည်းမှာ ရှင်သန်လွှမ်းမိုးနေဆဲပဲ။ ဒါပေမယ့် မကြာခင် ပျောက်ကွယ်ရတော့မယ် ပစ္စုပ္ပန်လို့ပြောကြတယ်။ တတိယလူတန်းစားကတော့ ရွှေလူတန်းစားပဲ။ အနာဂတ်ရဲ့ မျှော်မှန်းချက်ဖြစ်တယ်။ မလွဲမသွေဖြစ်ပေါ်လာရမယ့် တော်လှန်ရေးကြီးရဲ့ အသည်းနှလုံးဖြစ်တယ်။ စတုတ္ထပတ်တီးဘူဇွာ (ပတ်တီး=အငယ်စား) ဆိုတာက အခုအနေနဲ့ ပြောရရင် ဝန်ထမ်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းလုပ်သူတွေ၊ လူလယ်တန်းစားတွေလို့ ပြောရလိမ့်မယ် ထင်ပါတယ်။

သူတို့ဟာ ဘူဇွာတွေလို ကုတ်ထုတ်အရင်းအနှီးတွေကို ပိုင်ဆိုင်ထားသူတွေ မဟုတ်ဘူး။ ပစ္စည်းမဲ့လူတန်းစားလို အောက်ဆုံးကလည်းမဟုတ်။ တော်လှန်ရေးကြီးမှာတော့ (များသောအားဖြင့်) သူတို့ကိုယ်ကျိုးစီးပွားကို မထိခိုက်တဲ့ဘက်ကို လိုက်သွားတတ်တယ်။

တိုးတက်တဲ့နိုင်ငံရေးအမြင်ရှိသူတွေ (ကျောင်းဆရာတွေ၊ အစိုးရဝန်ထမ်းစာရေးစာချီတွေ၊ တတ်သိပညာရှင်တွေ၊ အနုပညာသမားတွေ) ကတော့ ပစ္စည်းမဲ့တွေနဲ့အတူ တော်လှန်ရေးဘက်ကပါတတ်ကြတယ်။ လုံးဝယုံကြည်စိတ်ချရတဲ့ ပုံသေသတ်မှတ်လို့ မရဘူး။ နောက်ဆုံးလူတန်းစားကတော့ ဘာမှသုံးမရတဲ့ ကလေကချေပစ္စည်းမဲ့တွေပဲ။ သူတို့ကို မာ့က္စ Marx က “ကမ္ဘာမြေရဲ့ အမှိုက်သရိုက် အညစ်အကြေး” (Scum) လို့တောင် သုံးနှုန်းပြောဆိုဖူးတယ်။

သမိုင်းမှာ နပိုလီယံတို့လို၊ ဟစ်တလာတို့လိုလူတွေက ပြည်သူလူထုကို နှိပ်ကွပ်ရာမှာ ဒီကလေကချေလူတန်းစားတွေကို ငွေကြေးတွေအခွင့်အရေးတွေပေးပြီး အသုံးချခဲ့တယ်။ သူတို့ကလည်း နိုင်ငံရေးအသိ လုံးဝမရှိတဲ့လူတွေဖြစ်တဲ့အတွက် ဘဝတူအချင်းချင်းကို ငွေရရင်ပြီးရော၊ ရက်ရက်စက်စက် နှိပ်ကွပ်တတ်တယ်။ ကြေးစားလက်မရွံ့လူသတ်သမားတွေ ပါပဲ။

Last Updated ( Wednesday, 26 March 2008 )
 
< Prev   Next >
Breaking News
  • Pause
  • Previous
  • Next
1/6
Image သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်

သတင်းစာဆရာ၊ စာရေးးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ သားဖြစ်သူ ကိုညီပုလေးက “ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ

Read more...
 
         
Advertisement
 
  • Articles
    ကမ္ဘာသည် အလုံးသက်သက် မဟုတ်
    Spring 2007အာကာသ ဓာတ်ပုံများစွာကို ကြည့်ပါက ကမ္ဘာကြီးသည် လုံးဝိုင်းနေသည်ဟု သက်သေခံနေသည်။ အာကာသ ယာဉ်မှူးများကလည်း " အပြာရောင် စကျင်ကျောက်တုံးကြီး " ဟု အမြတ်တနိုး အမည်ပေးခဲ့သည်။ သို့ဖြစ်စေကာမူ သွင်ပြင်လက္ခဏာ ကြည့်ရုံဖြင့် အမှန် မသိနိုင်ပေ။ အမှန်တွင် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာမြေကြီးသည် လုံးဝ အလုံးသက်သက် မဟုတ်ချေ။

    ကမ္ဘာကြီး ပြားသည်ဟု ဆိုခြင်းမဟုတ်ပါ။ ကိုလံဘတ်စ် ပင်လယ်ပြင်သို့ ရွက်မလွှင့်မီကပင် အရစ္စတိုတယ်နှင့် အခြားသော ရှေးဟောင်း ဂရိပညာရှင်များက ကမ္ဘာကြီးလုံးဝိုင်းကြောင်း တင်ပြခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကြီးသည် အပြည့်အ၀ လုံးဝိုင်းခြင်း မရှိကြောင်းကို ပထမဦးဆုံး တင်ပြသူမှာ ဆာအိုက်ဇက်နျူတန် ဖြစ်သည်။ နျူတန်က ကမ္ဘာကြီးသည် ဘေးကား စက်လုံး Bolate Spheroid သာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ၎င်းတင်ပြချက် မှန်နိုင်သည်။ ဗိုက်ပူနံကား ဖြစ်နေသော အလုံးအ၀ိုင်းကြီးတွင် ကမ္ဘာကြီး၏ 

    READ MORE

  • Welcome Phatpa
    ဖတ်ပါ့မှာ ရိုးရှင်းတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။ Welcome

    လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။

    ဒါကြောင့် ကမ္ဘာတစ်လွှား ဖတ်ပါ့ စာဖတ်သူတွေက ဖတ်စရာစာတွေ ကို ကိုယ်တိုင် ရေးသားနိုင်အောင်၊ နောက် ကမ္ဘာတစ်ဝန်း ရှိ နေရာဌာနမျိုးစုံ မှ ဖတ်စရာစာများကို လည်း ပြန်လည် ကိုးကားဖေါ်ပြ နိုင်အောင် ဖတ်ပါ့ ၀ဘ်စာမျက်နှာ ကို တည်ဆောက် ထားပါတယ်။ ဖတ်ပါ့ က မြန်မာတို့ရဲ့ (interest) အကျိုးစီးပွား၊ စိတ်ဝင်စားမှု နဲ့ ယှဉ်တဲ့ ဖတ်စရာစာ မျိုးစုံ (ဘယ်ပုံစံဖြစ်ဖြစ်) ကို ၀ဘ်စာမျက်နှာပေါ် ရောက်စေချင်တာပါ။ သို့ကလို မြန်မာတို့အတွက် တစ်နေရာထဲမှာ သီးသန့် စုစည်းပေးထားတာရယ် မြန်မာလို ဖတ်ရှုရတာရယ်ကြောင့် ကမ္ဘာတစ်လွားမြန်မာများ အကျိုး ရှိတယ်ဆိုရင်ဖြင့် ဖတ်ပါ့ မှ ၀မ်းသာပါပြီ။ ဖတ်ပါ့ဟာ အွန်လိုင်းပေါ်မှာ ဆုံတွေ့ခဲ့ကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်စုရဲ့ အားထုတ်မှု တစ်ခုဖြစ်ပါတယ်။

  • Interviews
    မိုးဟေကို နှင့် Interviews
    Sample images

    လောလောဆယ်တွင် ပရိတ်စိတ်ဝင်စားမှု အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးသရုပ်ဆောင် မိုးဟေကိုပင်ဖြစ်သည်။ မိုးဟေကိုနှင့် ပက်သတ် သောကောလဟာလအချို့က ပရိသတ်အကြားတွင် တောမီးပမာ ပျံ့နှံ့နေသည်။

    The Voice: ပြောချင်ရင်ပေါ့အပြင်မှာ ထွက်နေတဲ့ကောလဟာလတွေကို ဘာများပြောချင်ပါ သလဲ။

    မိုးဟေကို : ဘာမှပြောစရာအရှိပါဘူး။ ပြောဖို့မှမလိုတာ။

    The Voice: ဒီကောလဟာလနဲ့ပတ်သတ်ပြီး မိုးဟေကို ဘာပြေချင်လဲ။

    မိုးဟေကို : ကိုယ် ဘာပြောရမှာလဲ၊ ပြောစရာမရှိပါဘူး။

     READ MORE



 
PHOTO OF THE DAY 
ThinGyan
  

ဖတ်ပါ့ နှစ်သစ်ဆုတောင်း

" ဖတ်ပါ့ စာဖတ်ပရိတ်သတ်များ နှစ်သစ်မှာ ဘေးရန်အပေါင်းမှ ကင်ဝေးပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ "

 Padauk
Myanmar Cute Girl

  Sponsor links www.bagan.net.mm
မြန်မာ အင်တာနက် ဆားဗစ် နှင့်  Web Portal
www.zawgyi.net
ဇော်ဂျီ မြန်မာ Font System နှင့် Accessories
www.google.com
world  Biggest  Search  Engine

Beauty & Fashion

Phatpa Beauty & Fashion နောက်ဆုံးပေါ် ဖက်ရှင်များနှင့် ခောတ်သမီးပျိုများ

Sports

Phatpa  Sports အရှိန်ဟုန် ပြင်းပြင်းနဲ့ ရိုက်ခတ်လာတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်များ

Health

Phatpa Health ၂၀၀၈ ခုနှစ် မြန်မာ့ ဆေးပညာ လောကရဲ့ သမိုင်းစာမျက်နှာသစ်

Celebrities

Phatpa  Celebrities ၂၀၀၈ ခုနှစ် အော်စကာ ဆုပေးပွဲ မတက်ရောက်နိုင်တဲ့ ကာရစ်ဘီယန် မင်းသား Deep

Entertainment

 Phatpa Entertainmentပျော်ပွဲ ရွှင်ပွဲတွေ မျာနေပါတယ်ဆိုတဲ့ လှူုငယ်များအတွက် LP ရဲ့ Live Show