Lost Password? Register
  • Narrow screen resolution
  • Wide screen resolution
  • Auto width resolution
  • Increase font size
  • Decrease font size
  • Default font size

PhatPa.com| Local Journal News for Shwe (Oversea)

Tuesday
Aug 19th
Home arrow News arrow ARCHIVE arrow News Category arrow Technology arrow .xxx ဒိုမိန်း အမည်ယူခွင့်ကို အိုင်ကန်းက ပယ်ချ
.xxx ဒိုမိန်း အမည်ယူခွင့်ကို အိုင်ကန်းက ပယ်ချ Print E-mail
Posted by Administrator   
Friday, 13 April 2007
Sample image
Sample image
အားအင်အပြည့် ဆက်လက် တိုက်ပွဲ ၀င်သွားရန် ပြင်ဆင်ထားသည်ဟု 30 March 2007, AP By Matt Moore

အိုင်ကန်း ICANN (Internet Corporation for Assigned Name and Numbers) က အရွယ်ရောက် ပြီိးသူများ အတွက် ဖျော်ဖြေရေး ၀က်ဘ်ဆိုက်များ၏ ဒိုမိန်းအမည်ကို .xxx ဖြင့် ယူခွင့်အား ပယ်ချလိုက်သည်။ ယင်းဒိုမိန်းမျိုးအတွက် ဤကဲ့သို့ အထူးအမည် တပ်ခွင့် လျှောက်ထားမှု ပယ်ချခြင်းမှာ ယခုအကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်သည်။ ၁၅ ဦးပါ ကော်မီတီတွင် တစ်ဦးက မဲမပေးဘဲ နေပြီး ၉း၅ ဖြင့် ပယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

အိုင်ကန်းက ယခုကဲ့သို့ " အာဏာပြ " ခြင်းကို ကျေနပ်လက်ခံသူများ ရှိသကဲ့သို့ မကျေသူတွေလည်း ရှိကြသည်။ အိုင်ကန်း ကော်မီတီဝင်များ ထဲမှာပင် .xxx ဒိုမိန်းအမည်ကို ယခုလို ညစ်ညမ်းဝက်ဘ်ဆိုက်မှန်း သိသာစေလွန်း၍ ခွင့်မပြုသင့်ဟူသော အယူအဆကို လက်မခံသူများ ရှိနေကြောင်း ပေါ်လွင်သည်။

အဆိုပြုသူများကမူ သူတို့၏ သီးသန့် ဒိုမိန်းအမည် ရရှိပိုင်ခွင့်အတွက် အားအင်အပြည့် ဆက်လက် တိုက်ပွဲ ၀င်သွားရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

Last Updated ( Sunday, 17 February 2008 )
 
< Prev   Next >