Lost Password? Register
  • Narrow screen resolution
  • Wide screen resolution
  • Auto width resolution
  • Increase font size
  • Decrease font size
  • Default font size

PhatPa.com| Local Journal News for Shwe (Oversea)

Tuesday
Aug 19th
Home arrow News arrow ARCHIVE arrow News Category arrow Technology arrow Yahoo ဥက္ကဌ အဖြစ်မှ နှုတ်ထွက်လိုက်သည့် Semel
Yahoo ဥက္ကဌ အဖြစ်မှ နှုတ်ထွက်လိုက်သည့် Semel Print E-mail
Posted by Administrator   
Friday, 13 April 2007
 Yahoo Inc ၏ ဥက္ကဌ ဖြစ်သူ Terry Semel မှာ လွန်ခဲ့သောကြာသပတေးနေ့က နှုတ်ထွက် သွားပြီ ဖြစ်ကြောင်း သိရပြီး ၄င်း၏အမှုဆောင်အဖြစ် ၇ လခွဲကြာ သက်တမ်းအပြီးတွင် ရှယ်ယာရှင်များ၏

ဖိအားကြောင့် နှုတ်ထွက်သွားရခြင်း ဖြစ်ကြောင်းသိရသည်။

Sunnyvale အခြေစိုက် ကုမ္ပဏီမှ ပြောရာတွင် ၄င်း၏နေရာ၌ အခြားဒါရိုက်တာ တစ်ဦးဖြစ်သူ Roy Bostock မှ အစားထိုးနေရာယူုမည် ဖြစ်ကြောင်း သိရပြီး ဘုတ်အဖွဲ့ဝင် ၁၀ ဦးအတွင်း အမှုဆောင်မဟုတ်သည့် ဥက္ကဌ အဖြစ်တာဝန်ယူမည်ဟု သိရသည်။ Yahoo မှပြောရာ၌ semel မှာ ၄င်း၏ ဥက္ကဌ ရာထူးအားနှုတ်ထွက်ရန် လအတော်ကြာကပင်ပြောဆိုထားခဲ့သော်လည်း နောက်တက်လာမည့် သူ တရားဝင်ရွေးချယ်ရ ခြင်းမရှိသေး သဖြင့် စောင့်ဆိုင်းနေရခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်း၏ နှုတ်ထွက်မှုအတွက် ပြောကြားရာတွင် ကုမ္ပဏီ အနေဖြင့် ခေါင်းဆောင်သစ်နှင့် အတူကောင်းစွာ ဆက်လက်ချီတတ်နိုင် မည်ဟု ယူဆကြောင်းနှင့် ယခုအချိန်မှာ ဘုတ်အဖွဲ့မှ နှုတ်ထွက်ပေးရန် အသင့်တော် ဆုံးအချိန်ဖြစ်သည်ဟုပြောဆိုခဲ့သည်။ အသက် ၆၄ နှစ်အရွယ် ရှိ Semel မှာ လွန်ခဲ့သော နှစ် ဇွန်လ က၍ ယခင် CEO အဟောင်းဖြစ်သူ Jerry Yangos နေရာတွင် အစားထိုး ၀င်ရောက်ခဲ့သူ ဖြစ်ပြီး ကုမ္ပဏီ၏ အဆင့်မြင့်နည်း ပညာဆွေးနွေးပွဲ များတွင် ပါဝင်ခဲ့သူဖြစ်သည်။

Yahoo ကုမ္ပဏီမှာ လွန်ခဲ့သော ၂၀၀၆ semel အား ဒေါ်လာ ၇၁.၇ သန်း အထိပေးခဲ့ ပြီး ၊ ၄င်းမှာ CEO တယောက်အနေဖြင့် အမြင့်ဆုံးသော လခရရှိသူတစ်ဦးဖြစ်သည်။

Last Updated ( Sunday, 17 February 2008 )
 
< Prev